DVB Logo
Home
နိုင်ငံတကာ
အမေရိကန် မီးသတ်ရဟတ်ယာဉ် တိုက်ပေါ် ပျက်ကျ
DVB
·
August 29, 2023
အမေရိကန် မီးသတ်ရဟတ်ယာဉ် တိုက်ပေါ် ပျက်ကျ
Donate to DVB

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဘရိုးဝ့ါဒ်မြို့နယ် ရဲအရာရှိရုံးက မီးသတ်ရဟတ်ယာဉ် တစီး ဖလော်ရီဒါပြည်နယ် ပွန်ပါနိုကမ်းခြေရှိ တိုက်ခန်းတခုပေါ်ကို သြဂုတ် ၂၈ ရက်က ပျက်ကျခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ အမှုထမ်း နှစ်ဦးနဲ့ အရပ်သားနှစ်ဦး အပါအဝင် လေးဦး ဆေးရုံတင်ထားရတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်မှာ နော့သ်ဒစ်ဇီ အဝေးပြေးလမ်းမကြီးနဲ့ အတ္တလန်တစ် ရိပ်သာလမ်းမကြီးနားမှာ ရဟတ်ယာဉ် ပျက်ကျခဲ့တာပါ။

ယူရိုကော့ပ်တာ EC135 အမျိုးအစား ရဟတ်ယာဉ်ဟာ အဆောက်အဦနဲ့ တိုက်မိခဲ့ပြီး ခေါင်မိုးမှာ အပေါက်ကြီးတခု ကျန်ရစ်ခဲ့တာပါ။

ပျက်ကျချိန်က ရဟတ်ယာဉ်ပေါ်မှာ လူသုံးဦးရှိခဲ့တယ်လို့ ဖက်ဒရယ်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့ က အတည်ပြုပါတယ်။ 

ဒဏ်ရာရသူတွေရဲ့ အခြေအနေတွေကို ထုတ်မပြောသေးပေမဲ့ ဆေးရုံတင်ရတဲ့သူတွေမှာ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရထားတယ်လို့ ပွန်မ်ပါနိုကမ်းခြေ ပြောရေးဆိုခွင့်ရှိသူက ဒေသခံမီဒီယာကို ပြောပါတယ်။

ကူညီဖို့ ကြိုးပမ်းခဲ့တဲ့ အရပ်သားနှစ်ဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။ လူသေဆုံးမှု တော့ မရှိသေးပါဘူး။  အနီးနားက လမ်းတွေကို ပိတ်ထားပါတယ်။

ဖယ်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးရုံးနဲ့ အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့ နှစ်ခုစလုံးက ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013