DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်အစိုးရကျောင်းများ၌ မွတ်စလင်အမျိုးသမီး ဝတ်ရုံရှည် မဝတ်ရန် တားမြစ်
DVB
·
August 29, 2023
Donate to DVB

ပြင်သစ်နိုင်ငံက အစိုးရပိုင်ကျောင်းတွေမှာ မွတ်စလင်အမျိုးသမီးတချို့ ဝတ်ဆင်လေ့ရှိတဲ့ ဝတ်ရုံရှည်ကို ကလေးတွေ မဝတ်ဖို့ တားမြစ်မယ်လို့ ပြင်သစ် ပညာရေးဝန်ကြီးက ကျောင်းပြန်ဖွင့်ချိန်မတိုင်မီ ပြောလိုက်ပါတယ်။

၁၉ ရာစု ကတည်းက နိုင်ငံပိုင်ကျောင်းတွေမှာ ဘာသာရေးဆိုင်းဘုတ်တွေကို တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်ထားတဲ့ ပြင်သစ်နိုင်ငံဟာ အစဉ်အလာ ကက်သလစ်ပညာရေးရဲ့ သြဇာလွှမ်းမိုးမှုကို ဖယ်ရှားခဲ့ဖူးပါတယ်။

ခုတော့ ကြီးထွားလာနေတဲ့ မွတ်စလင် လူနည်းစုကို ကိုင်တွယ်ဖို့ လမ်းညွှန်ချက်တွေကို မွမ်းမံပြင်ဆင်ရေး ရုန်းကန်နေရ ပါတယ်။

၂၀၀၄ ခုနှစ်မှာ ပြင်သစ်ကျောင်းတွေမှာ မွတ်စလင် ခေါင်းစွပ်တွေကို ပိတ်ပင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် မှာတော့ လူမြင်ကွင်းမှာ မွတ်စလင် မျက်နှာကာ ဝတ်ဆင်တာကို တားမြစ်ခဲ့ပါတယ်။ ဒါကြောင့် လူဦးရေ ငါးသန်းရှိတဲ့ မွတ်စလင်အသိုင်းအဝိုင်းက လူတချို့ကို ဒေါသထွက်စေခဲ့ပါတယ်။

သြဂုတ် ၂၈ ရက်မှာ ပြင်သစ်အစိုးရရဲ့ တားမြစ်ချက်ကြောင့် တုံ့ပြန်မှု အမျိုးမျိုးရောထွေးနေပါတယ်။ တချို့က ဒီဆုံးဖြတ်ချက်ကို လက်ခုပ်တီးပေမဲ့ တချို့ကဝေဖန်ခဲ့ကြပါတယ်။

တနင်္လာနေ့မှာ ပြင်သစ်အင်တာရေဒီယိုနဲ့ စကားပြောရာမှာ အလယ်တန်းကျောင်းဆရာများသမဂ္ဂ SNES-FSU ရဲ့ အကြီးအကဲ ဆိုဖီဗေနေတီတေက ဒီတားမြစ်ပိတ်ပင်မှုဟာ ကျောင်းတွေမှာ ကြုံတွေ့နေရတဲ့ အရေးကြီးပြဿနာတွေကို ပြည်သူတွေ မမြင်အောင် အာရုံလွှဲတာမျိုး မဖြစ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013