DVB Logo
Home
မြန်မာသတင်း
စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း ကျဆုံးပြည်သူ ၄၀၀၀ ကျော်အထိ ရှိလာ
DVB
·
August 29, 2023
စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း ကျဆုံးပြည်သူ ၄၀၀၀ ကျော်အထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၀၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၄၆၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၉၅၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၁၉၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၅၁၉ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီမှတ်တမ်းနှင့် သုတေသနဌာနရဲ့ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နိုင်ငံတဝန်း  စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်ရာဒေသတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

သြဂုတ် ၂၃ ရက်ကလည်း ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းက ကျေးရွာတရွာကို အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေနေထိုင်ရာ အရပ်ဒေသတွေကို စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်ကာ စစ်ကြောင်းထိုးတာကြောင့် ဒေသခံ ပြည်သူတွေဟာ နေရပ်ဒေသတွေကို စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေရပါတယ်။

ဩဂုတ် ၂၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို အင်အား ၂၀၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စု ခမရ ၃၆၁၊ ၇၀၁၊ ၇၀၂၊ ၇၀၈ စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပင်ဒင်း ကျေးရွာ၊ ကြာပင်အိုင်ကျေးရွာ၊ ညောင်ပင်ကြီးစုကျေးရွာနဲ့ သိမ်တော်ကျေးရွာ အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံ ၆၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013