DVB Logo
Home
မြန်မာသတင်း
သဲကုန်းမြို့နယ်တွင် မိုးသည်းထန်၊ လယ်ဧက ၁ သောင်းကျော် ရေနစ်မြုပ်
DVB
·
July 29, 2014
သဲကုန်းမြို့နယ်တွင် မိုးသည်းထန်၊ လယ်ဧက ၁ သောင်းကျော် ရေနစ်မြုပ်
1 / 2
Donate to DVB

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်အတွင်း မိုးသည်းထန်တဲ့အတွက် လယ်ဧက ၁ သောင်းကျော် ရေနစ်မြုပ်နေပါတယ်။

The gone copyသဲကုန်းမြို့နယ်အတွင်းက အောင်ကုန်း၊ မင်းလှ၊ အုတ်ဖို၊ နှောကုန်း၊ ကျားကုန်း၊ မြင်းနီနဲ့ ရေနံ့သာစတဲ့ကျေးရွာတွေမှာ မိုးသည်းထန်စွာ ရွာနေတဲ့အတွက် အင်းမဆည်ကြီးက ရေပိုရေလျှံတွေကြောင့်  ရေနစ်မြုပ်နေတာ ဖြစ်ပါတယ်။

the gone 1 copyအဲဒီကျေးရွာတွေက လယ်မြေ ဧကပေါင်း ၁ သောင်းကျော် နှစ်စဉ် ရေနစ်မြုပ်ခဲ့ပြီး ဒီနှစ် မိုးများတဲ့အတွက် ခါတိုင်းနှစ်တွေထက် ပိုမြုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ဦးခင်ထွန်းက “အခု ကန်တွေ လုပ်လိုက်တဲ့အခါမှာ ပိုဆိုးသွားတာ ရေက ချက်ချင်း မကျတော့ဘူးပေါ့။ ဟိုတုန်းကဆိုရင် အများဆုံးနေရင် ၁၀ ရက်။ အဲလောက်ပဲ နေတယ်။ အဲလောက်ဆို ရေက ကျသွားတော့ စပါးပင်က ကောင်းတယ်။ အခုဆို ၁ လ ၉ သီတင်း ဆိုရင် စပါးပင်က နွံကပ်ပြီး အကုန်လုံးပြတ်ကျကုန်ရော။ ပြတ်ကျကုန်ရင် လယ်သမားတွေက နောက်လုပ်ဖို့လည်း မရှိဘူး။ ပိုက်ဆံချေးငွေကလည်း မရှိ၊ ဒီလိုနဲ့ပဲ ၁ နှစ်ရနိုး၊ ၁ နှစ်ရနိုးနဲ့ လုပ်နေတာ ဒီလိုနဲ့ အပြီးသတ် နစ်မျောသွားရတာ ကျနော်တို့ တောင်သူလယ်သမားဘ၀က ဒီလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

အင်းမဆည်ကြီး တည်ဆောက်ပြီးကတည်းက သဲကုန်းနယ်မှာ ရေထွက်ပေါက် မရှိပဲ လယ်တွေ ရေမြုပ်ခဲ့ရသလို စစ်တပ်က လယ်တွေ သိမ်းပြီး ငါးကန်တွေ လုပ်ခဲ့တဲ့ အတွက်လည်း နှစ်စဉ် ရေကြီးနေတာလို့ ပြောပါတယ်။

အောင်ကုန်းရွာခံ ဦးအေးချိုက “သူတို့ သိမ်းထားတဲ့ လယ်တွေက ဆည်ကြီး ဆောက်တုန်း ကတောင် ဆက်လက် လုပ်ကိုင်လို့ ရသေးတယ်။ အခု ကန်တွေ တူးပြီး သိမ်းထားတဲ့အခါ စိုက်ခင်းတွေက ရေမြုပ်ခြင်း ခံစားရတော့ ဒေသခံတွေက တို့လယ်တော့ အသိမ်းမခံနိုင်ဘူး  ဒီတိုင်းဆို တူးမယ်ကွာဆိုပြီး အကုန်လုံး စည်းကမ်းစနစ်တကျ မရှိဘဲ တူးတော့ ပိတ်ဆို့ကုန်တယ်။ ကျောင်းပရ၀ဏ်ကြီးလည်း မိုးဦးကျဆို ရေတွေ ၀ိုင်းနေရော။ ဘာမှ စိုက်လို့ပျိုးလို့ မဖြစ်ဘူး။ ဒီနှစ်ဆို ကျနော်တို့ဆီက လူတွေ အကုန်လုံး ပျိုးခင်းတွေလည်း ပြောင်ပြီးပေါ့။  စိုက်လို့ပျိုးလို့ ပြီးသွားပြီ။ ဒါပေမယ့် ခုရေက အကျရေမှာ ဘယ်လိုနည်းနဲ့မှ ပြန်မကောင်းနိုင်ဘူး။ အရင်းကတော့ သေချာပေါက်ရှုံးပြီ” လို့ ပြောပါတယ်။

ရေနစ်မြုပ်တဲ့ ရွာတွေမှာ ကျန်းမာရေးအတွက် လိုအပ်တာတွေ ကူညီနိုင်ဖို့ သဲကုန်း မြို့နယ်က  တိုင်းဒေသကြီး လွှတ်တော်အမတ်ကိုယ်တိုင် လိုက်လံကြည့်ရှုခဲ့တယ်လို့ ပြောပါတယ်။

သဲကုန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ဥမ္မာမို့မို့ဇော်က “အခုလည်း ရေတွင်းရေကန်တွေ ပြန်ဖော်တယ်။ ဆေးခတ်ပေးတယ်။ ကျန်းမာရေးအတွက် စောင့်ရှောက် ပေးတာပေါ့။ အခု သာပေါင်း သွားမယ်။ ကြခတ်ကုန်း သွားမယ်။ အဲဒီဘက်တွေ အမကတော့ ကူညီချင်တဲ့စိတ်ပေါ့နော်။ ကလေးလေးတွေ ဘာညာ မဖြစ်သေးပါဘူး။ မဖြစ်ခင် ကာကွယ်ပေးနေပါတယ်” လို့ ရှင်းပြပါတယ်။

သဲကုန်းမြို့ကအထွက် သဲကုန်းကြီးချောင်းလည်း ရုတ်တရက် ရေကြီးပြီး ချောင်းလမ်းကြောင်း ပြောင်းကာ ပျိုးထောင်ထားတဲ့ လယ်တွေ ရေမြုပ်နေပါတယ်။

သဲကုန်းမြို့နယ်ထဲက လယ်တွေ နှစ်စဉ် ရေနစ်မြုပ်တဲ့အတွက် လယ်သမားအများစုဟာ ရေလုပ်ငန်းကို ပြောင်းခဲ့ကြရပြီး သူတို့ရဲ့ အသိမ်းခံလယ်တွေ ပြန်ရရေး တောင်းဆိုတာတွေ အတွက် ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013