DVB Logo
Home
နိုင်ငံတကာ
ဆူဒန် ဆိပ်ကမ်းမြို့  စစ်ဘေးဒုက္ခသည်များ ခိုလှုံရာနေရာဖြစ်လာ
DVB
·
August 28, 2023
Donate to DVB

ဆူဒန်နိုင်ငံမှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ ပို့ထ်ဆူဒန်ဟာ ကမ်းရိုးတန်းမြို့ဟာ အနောက်ဘက်ကို ကူးစက်လာတဲ့ စစ်မီးကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ခိုလှုံရာနေရာ ဖြစ်လာနေပါတယ်။

ဒါပေမဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး ထောက်ပံ့ရေးပစ္စည်းတွေ ရှားပါးနေလို့ ကျန်းမာရေးစနစ် ပြိုကျလုနီးပါး ဖြစ်နေတာပါ။

ခုတော့ ဆရာဝန်တွေက သပိတ်မှောက်နေလို့ ကျန်းမာရေး ဝန်ထမ်း ပြတ်လပ်မှု ပိုမိုဆိုးရွားလာခဲ့ပါတယ်။

စစ်တပ်နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ကြား တိုက်ပွဲတွေကြောင့် ဆူဒန်အစိုးရ ဘတ်ဂျက်ငွေ ပျက်ပြားသွားတဲ့အတွက် ပင်လယ်နီ ဆိပ်ကမ်းမြို့က ဆရာဝန်တွေနဲ့ သူနာပြုတွေက လစာမရတာ လေးလ ရှိပြီလို့ ပြောပါတယ်။

"ပင်ပန်းနေပြီ၊ လူနာတွေများတယ်”လို့ ပို့ထ်ဆူဒန် သင်ကြားရေး ဆေးရုံက ထင်ရှားတဲ့ သူနာပြု အိုမာအယ်လ် ဆာအိက ပြောပါတယ်။ 

သမ္မတဟောင်း အိုမာအယ်လ်ဘာရှီးယားကို ဖြုတ်ချပြီး လေးနှစ်အကြာ ဧပြီလမှာ စစ်ဖြစ်ခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး အရပ်သားအုပ်ချုပ်ရေးကို ကူးပြောင်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ RSF အကြား တင်းမာမှုတွေ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

ခါတွန်မ်မြို့တော်နဲ့ နိုင်ငံအနောက်ဘက်တို့မှာ တိုက်ပွဲတွေဖြစ်နေချိန် လူပေါင်း တသိန်းလောက် ပို့ထ်ဆူဒန်မြို့ဆီ ထွက်ပြေးခဲ့လို့ လူနေထူထပ်တဲ့မြို့မှာ ဆေးရုံတွေနဲ့ အမိုးအကာတွေကို ဖြည့်တင်း ထားရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

စစ်ပွဲဟာ ဆူဒန်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတရပ်ကို လှုံ့ဆော်ပေးနေပြီး ငှက်ဖျား၊ ဝက်သက်နှင့် သွေးလွန်တုပ်ကွေးအပါအဝင် ရောဂါကူးစက်တာတွေ အများကြီး မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ မာတင် ဂရစ်ဖ်သ် က သတိပေးခဲ့ ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013