
ချီလီအစိုးရရဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၆ ရက်က ဆန်တီယာဂိုမြို့တော်မှာ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ချီလီသမ္မတ ဂါဘရီရယ်ဘော်ရစ်အပေါ် ဆန့်ကျင်ရှုတ်ချသူတွေနဲ့ ထောက်ခံသူတွေက မြို့တော်ရဲ့ လာ-မွန်နည်းဒါးသမ္မတအိမ်တော်ရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြတာပါ။
ရာနဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက သမ္မတအိမ်တော်အထိ ချီတက်ကာ ဘော်ရစ် နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အစိုးရဆန့်ကျင်ရေး အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ ဖရန်စ္စကို မူနို့ဇ်ကလည်း အပြန်အလှန်ဆွေးနွေးမှုမှာ ပြောဆိုနိုင်မယ့် ဦးဆောင်သူအသစ်တွေ ပါဝင်လာဖို့ကို တောင်းဆိုခဲ့ပါတယ်။
တစ်ဖက်မှာ အစိုးရလိုလားတဲ့ ဆန္ဒပြသူတွေကလည်း ဒါဇင်အနည်းငယ်သာ ရှိပေမဲ့ ဘော်ရစ် အပေါ် မယိမ်းမယိုင်ထောက်ခံမှုကို ပြသခဲ့ကြပါတယ်။
အကျင့်ပျက်ခြစားမှုဆိုင်ရာ စွပ်စွဲချက်တွေ ထွက်ပေါ်လာ ခဲ့ပြီးနောက် လူမှုဖွံ့ဖြိုးရေးဝန်ကြီးဖြစ်သူ ဂျော်ဂျီယို ဂျက်ခ်ဆင်ကတော့ ဒီလအစောပိုင်းမှာ နုတ်ထွက် သွားပါတယ်။ အများပြည်သူ ဘဏ္ဍာငွေထဲက ဒေါ်လာသန်းပေါင်းများစွာကို လွှဲပြောင်းပေးခဲ့တဲ့ အရှုပ်တော်ပုံတစ်ခုမှာ ဒီ ဝန်ကြီးရဲ့ ပါတီဝင်တွေ ပတ်သက်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
Source/Photo-Reuters