DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်ကောင်စီနှင့် ပျူစောထီးများမိုင်းခွဲခံရပြီး ၂ ဦးသေ
DVB
·
August 27, 2023
ကျိုက်ထိုတွင် စစ်ကောင်စီနှင့် ပျူစောထီးများမိုင်းခွဲခံရပြီး ၂ ဦးသေ
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေနဲ ပျူစောထီးတွေ တိုက်ခိုက်ခံခဲ့ရသလို အန်အယ်လ်ဒီအစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးတယောက်ရဲ့ နေအိမ်ကို စစ်တပ်က ချိပ်ပိတ်ခဲ့ပါတယ်။

သိမ်ဇရပ်အခြေစိုက်စစ်ကောင်စီတပ် ၂၀၇ တပ်ရင်းနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို သြဂုတ် ၂၄ ရက်နေ့ ည ၉ နာရီလောက်က ရွာလေးသင်္ချိုင်းနားမှာ ကျိုက်ထိုတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အင်အား ၃၀ လောက်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ သိမ်ဇရပ်မြို့၊ အမှတ် ၁ ပိုင် ရွာလေးရပ်ကွက်ဘက်ကနေတဆင့် စစ်ကြောင်းထိုး ဝင်ရောက်လာတာမှာ တိုက်မိုင်းမိပြီး ၂၀၇ တပ်ရင်းက ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရသလို ပျူစောထီး ၁ ယောက်လည်း ဒဏ်ရာရသွားခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ပြန်မပစ်တော့ဘဲ ထိခိုက်သေဆုံးသူတွေကို ခမရ ၂၀၇ တပ်ရင်းဆီကို ပြန်သယ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စံပြကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုနိုင်နေအိမ်ကို ချိပ်ပိတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူဟာ အန်အယ်လ်ဒီအစိုးရလက်ထက်က အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူဖြစ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ စစ်တပ်က ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ 

မိသားစုဝင်နဲ့နီးစပ်တဲ့ ဒေသခံတယောက်က  "PDF နဲ့ ပတ်သက်တယ်ဆိုပြီး  နေအိမ်ကို ချိပ်ပိတ်လိုက်တာ” လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ အဲဒီအုပ်ချုပ်ရေးမှူးဟာ မိသားစုလိုက် နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ 

ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ နေအိမ်  ၁၀ အိမ်လောက် ချိပ်ပိတ်ခံထားရပြီး အကြမ်းဖက်ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး ထောင်ချခံထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ   ၈၅ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013