DVB Logo
Home
မြန်မာသတင်း
မြင်းမူတွင် စစ်ကောင်စီစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၁၇ ဦး သေဆုံးဒဏ်ရာရ
DVB
·
August 27, 2023
မြင်းမူတွင် စစ်ကောင်စီစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၁၇ ဦး သေဆုံးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်း စစ်ကောင်စီတပ်စခန်းကို သြဂုတ် ၂၆ ရက် မနက် ၈ နာရီကျော်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ကျောက်ဆည် နဂါးနီ ပြောက်ကျား တပ်ဖွဲ့ဆီက သိရပါတယ်။

ကျောက်ဆည် နဂါးနီ ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒုတိယ တပ်ရင်းမှူး ဆရာလေးက အဲဒီအထိုင်တပ်စခန်းမှာ ပုံမှန်ဆိုရင် စစ်သားအင်အား ၅၀ လောက်ရှိပြီး အခု အင်အားထပ်ဖြည့်ထားတာကြောင့် ၇၀ လောက်ရှိနေတယ်လို့ ပြောပါတယ်။

"တိုက်ခိုက်တဲ့အခါမှာ အသုံးပြုခဲ့တာကတော့ ဒရုန်း ၂ စင်း အသုံးပြုတယ်။ ၂ စင်းကို စုစုပေါင်း ဗုံးသီး ၁၁ လုံး သုံးပြီး ၆ ခေါက်ပျံတယ်။ အဲလိုတိုက်ခိုက်ရာမှာ စခ ၁၀ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရတယ်လို့ တိကျခိုင်မာတဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။ ကျနော်တို့ဘက်က ဘာထိခိုက် ပျက်စီး ဆုံးရှုံးမှုမှ မရှိပါဘူးဗျ။ ပထမအကြိမ် တိုက်ခိုက်မှုမှာတော့ သူတို့ဘက်က လက်နက်ငယ်နဲ့ counter ပြန်တယ်။ နောက်အကြိမ်ကျ ဘာ counter မှ မပြန်နိုင်တော့ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အရင်ကလည်း ထီးဆောင်းစခန်းကို ၄၊ ၅ ကြိမ် တိုက်ခိုက်ခဲ့ဖူးပြီး အရင်တခေါက် တိုက်ခိုက်တုန်းကဆိုရင် စစ်သားတွေဟာ စခန်းကို စွန့်ခွာထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့က ဦးဆောင်ပြီး ကျောက်ဆည် ခရိုင် တပ်ရင်း-၁(နဂါးနီ တပ်ရင်း)၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅၊ ဆားတောင်မိုးကြိုး (Local PDF)၊ မိုးညို (Local PDF)၊ lighting drone force နဲ့ အောင်သပြေညီနောင် (မြင်းမူ Local PDF) မဟာမိတ်တွေက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013