
အမေရိကန်နိုင်ငံရဲ့ မစ်ရှီဂန်ပြည်နယ်နဲ့ အိုးဟိုင်းယိုးပြည်နယ်တို့မှာ သြဂုတ် ၂၄ ရက်က အင်အားပြင်း မုန်တိုင်းတစ်ခု ဝင်ရောက်ခဲ့ပြီးနောက် နေအိမ်ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
ဒီပြည်နယ်တွေရဲ့ ဗီဒီယိုထုတ်ပြန်ချက်အရ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ လျှပ်စီးလက်မှုတွေအကြား ရပ်ကွက်တွေက အမှောင်ထုထဲကျရောက်နေတာကို မြင်တွေ့ရပါ တယ်။
အမေရိကန်မီဒီယာတွေကတော့ ပြင်းထန်တဲ့ မုန်တိုင်းအတွင်း လူပေါင်း ၆ သိန်းထက်မနည်း လျှပ်စစ်မီးမရှိဘဲ နေထိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မုန်တိုင်းတိုက်ခတ်ရာမှာ အနည်းဆုံးလူ ၄ ဦး အထိ သေဆုံးခဲ့ရတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Source/Photo-Reuters











