DVB Logo
Home
နိုင်ငံတကာ
SpaceX  အာကာသယာဉ် နိုင်ငံတကာအာကာသစခန်းသို့ ထွက်ခွာ
DVB
·
August 27, 2023
SpaceX  အာကာသယာဉ် နိုင်ငံတကာအာကာသစခန်းသို့ ထွက်ခွာ
Donate to DVB

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ကနာဗရယ်အငူမှာ SpaceX  ကုမ္ပဏီရဲ့  Dragon အာကာသယာဉ်က နိုင်ငံတကာအာကာသစခန်း (ISS)ကို ဦးတည်ထွက်ခွာသွားပါတယ်။

Crew-7 လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ပေါ်မှာ အမေရိကန်၊ ဒိန်းမတ်၊ ဂျပန်နဲ့ ရုရှား စတဲ့ ကမ္ဘာ့နိုင်ငံ ၄ နိုင်ငံရဲ့ ယာဉ်မှူး ၄ ဦးအထိ လိုက်ပါသွားပြီး ဂရင်းနစ် စံချိန်တော်ချိန် မနက် ၇နာရီ၊ ၂၆ မိနစ်က ထွက်ခွာလာခဲ့တဲ့ ဒီယာဉ်ဟာ အာကာသထဲမှာ ဒုံးကျည်နဲ့ ခွဲထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီအာကာသယာဉ်ကို တွန်းတင်ပေးခဲ့တဲ့ Falcon 9 ဒုံးကျည်ကတော့ ကနာဗရယ်အငူရှိ အာကာသစခန်းမှာ အောင်မြင်စွာ ပြန်ဆင်းသက်နိုင်ခဲ့တယ်လို့ နာဆာထုတ်ပြန်ချက်အရ သိရပါတယ်။

နာဆာရဲ့ Crew-7 မစ်ရှင်အရ  ၂၂ နာရီကြာ ခရီးနှင်ပြီးနောက် နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

ဒါ့အပြင် ISS စခန်းပေါ်မှာ သိပ္ပံနည်းကျ စမ်းသပ်မှုတွေနဲ့ သုတေသနတွေပါ ဒီအဖွဲ့က ပြုလုပ်သွားဖို့ ရှိတယ်လို့ နာဆာအနေနဲ့ ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013