
ဘောလုံးလောင်းကစားကုမ္ပဏီတွေအနေနဲ့ အဝါကတ်အရေအတွက် လောင်းကြေးဖွင့်တာတွေ ရပ်တန့်ဖို့ အင်္ဂလန်အက်ဖ်အေက ဆန္ဒရှိနေပါတယ်။
ဘောလုံးလောင်းကစားကုမ္ပဏီတွေဟာ ပွဲစဉ်တစ်ပွဲမှာ အဝါကတ်အရေအတွက်နဲ့ ပတ်သက်ပြီး လောင်းကြေးဖွင့်ကြသလို အဝါကတ်ပြသခံရမယ့် ကစားသမားနဲ့ ပတ်သက်ပြီးတော့လည်း လောင်းကြေးဖွင့်လေ့ရှိပါတယ်။
အဲဒီလို လောင်းကြေးဖွင့်မှုတွေဟာ ကစားသမားတွေပါဝင်ပတ်သက်တဲ့ လုပ်ပွဲကစားမှုတွေ ရှိလာနိုင်တာကြောင့် ရပ်တန့်ပေးဖို့ အက်ဖ်ေအက ဆန္ဒရှိနေတာဖြစ်ပါတယ်။
ဒါအပြင် ဘောလုံးပွဲချိန်အတွင်း ဖြစ်ရပ်တွေဖြစ်တဲ့ ထောင့်ကန်ဘော၊ ပင်နယ်တီ အစရှိတဲ့ လောင်းကြေးဖွင့်မှုတွေကိုလည်း ပိတ်ပင်သွားဖို့ အက်ဖ်အေကဆန္ဒရှိနေပါတယ်။
အဲဒီကိစ္စတွေအပေါ် ယူကေက အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ရှိနေပြီး လောင်ကြေး ကုမ္ပဏီတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ ထွက်ပေါ်လာဖို့ရှိပါတယ်။
အင်္ဂလန်အက်ဖ်အေဟာ အဝါကတ်အရေအတွက် လောင်းကစားလုပ်မှုနဲ့ ပတ်သက်ပြီး ဝက်စ်ဟမ်းကွင်းလယ်လူ ပါကေတာအပါအဝင် ကစားသမား တချို့ကို စုံစမ်းစစ်ဆေးနေသလို ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးနဲ့ ရက်ဒင်းနောက်ခံလူ အီဆက်တို့ကိုလည်း ကာလရှည်ပွဲပယ် ပြစ်ဒဏ် တွေချမှတ်ထားပါတယ်။
Photo-Reuters










