DVB Logo
Home
မြန်မာသတင်း
တပ်မတော်သား ကိုယ်စားလှယ် အချိုးကျ ကိုယ်စားပြုစနစ်အပေါ် ကြားနေဆွေးနွေး
DVB
·
July 28, 2014
တပ်မတော်သား ကိုယ်စားလှယ် အချိုးကျ ကိုယ်စားပြုစနစ်အပေါ် ကြားနေဆွေးနွေး
Donate to DVB

အမျိုးသားလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေက အချိုးကျကိုယ်စားပြုစနစ် (ပီအာ) အပေါ် ကန့်ကွက်ဆွေးနွေးခဲ့ပေမယ့် ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ကြားနေဆွေးနွေးသွားပါတယ်။

parliment3 copyဇူလိုင် ၂၈ ရက်နေ့ကျင်းပနေတဲ့ လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးကြီး ထင်အောင်နဲ့ ဒုတိယဗိုလ်မှူးကြီးစောရွှေ တို့က ဆွေးနွေး သွားတာပါ။

ရွေးကောက်ပွဲစနစ်အပေါ် ဘယ်လိုဗျူဟာကို ထားသလဲနဲ့ အဲဒီကို သွားဖို့ အတွက် အခြေခံ ဥပဒေနဲ့ ကိုက်ညီဖို့လိုသလို တိုင်းရင်းသားဒေသတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် ရွေးကောက်ပွဲ စနစ်တခု အကောင်ထည်ဖော်ဖို့ သေချာ ဆောင်ရွက်သင့်တဲ့အကြောင်းကို တပ်မတော်သား ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့တယ်လို့ ပီအာစနစ် အဆိုတင်သွင်းခဲ့တဲ့ ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်ဇင်က ပြောပါတယ်။

အခက်အခဲအကျပ်အတည်းတွေ ရှိနေတဲ့ကြားထဲက ရှောင်နိုင်တိမ်းနိုင်တဲ့ နည်းစနစ်တွေကိုသုံးပြီး မြန်မာပြည်နဲ့ လိုက်လျောညီထွေရှိတဲ့ စနစ်ကို သေချာ အချိန်ယူစဉ်းစားပြီး လုပ်ဆောင်ဖို့ ဆွေးနွေးသွားတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မပျက်ပြားအောင် ဆန္ဒမဲပေးသူတွေရဲ့ သဘောထားကို ထင်ဟပ်မှုရှိအောင် ဆွေးနွေးသွားသလို သူတို့ရဲ့ဆွေးနွေးချက်ဟာ ကြားနေတဲ့သဘောမျိုးဖြစ်တယ်လို့ ဦးအောင်ဇင်က ပြောပါတယ်။

“တပ်မတော်အနေနဲ့ သူကလည်း အစောကြီးကတည်းက ပြောထားပြီးသားလေ၊ သူက စောင့်ကြည့်အဖွဲ့ကိုး။ စောင့်ကြည့်အဖွဲ့ဆိုတော့ ဒါလေးတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ သေသေချာချာပေါ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်းရှိအောင်၊ အခြေခံဥပဒေနဲ့လည်း ညီညွတ်အောင်၊ ပီအာစနစ်လေးလည်း ဖြစ်မြောက်အောင် ဆိုတဲ့ သူက ဘာပဲပြောပြော သတိကြီးကြီးနဲ့ ဆောင်ရွက်ဖို့ပဲ သတိပေးတယ်လို့ပဲ ကျနော်က မှတ်ချက်ပြုချင်ပါတယ်။”

အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ဆွေးနွေးစဉ်က တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက် ဆွေးနွေးသွားခဲ့ကြပါတယ်။

ဒီကနေ့ ပီအာစနစ်နဲ့ပတ်သက်ပြီးဆွေးနွေးရာမှာတော့ ထောက်ခံဆွေးနွေးသူတွေ ရှိသလို ကန့်ကွက်ဆွေးနွေးတဲ့ သူတွေလည်း ရှိပါတယ်။ တချို့တိုင်းရင်းသား ကိုယ်စားလှယ်တွေက လွှတ်တော်မတက်ဘဲ ကန့်ကွက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013