DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယသမုဒ္ဒရာကျွန်း အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားလာကြည့်သူ ၁၂ ဦး တိုးကြိတ် တွန်းတိုက် ဖိမိမှုကြောင့် သေဆုံး
DVB
·
August 26, 2023
အိန္ဒိယသမုဒ္ဒရာကျွန်း အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားလာကြည့်သူ ၁၂ ဦး တိုးကြိတ် တွန်းတိုက် ဖိမိမှုကြောင့် သေဆုံး
Donate to DVB

အိန္ဒိယသမုဒ္ဒရာကျွန်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွက် မတ်ဒါဂက်စကာနိုင်ငံရဲ့ အမျိုးသား အားကစားရုံထဲကို အားကစားဝါသနာရှင်တွေ ကြိတ်ကြိတ်တိုး ဝင်ရောက်ဖို့ ကြိုးစားခဲ့ ကြရာကနေ တွန်းတိုက်ဖိမိမှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၈၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သြဂုတ် ၂၅ ရက်မှာ ဝန်ကြီးချုပ်  ခရစ်စ်တီယန်ဆေးက  ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ၁၁ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။ 

တွန်းတိုက်ဖိမိမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

ဒါပေမယ့် ၂၀၁၉ ခုနှစ် တုန်းကလည်း မာဟာမာစီနာ အားကစားကွင်းမှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ဖူးပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။ 

အိန္ဒိယသမုဒ္ဒရာကျွန်းအားကစားပြိုင်ပွဲကို နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က ၁၉၇၇ ခုနှစ်မှာ ဖန်တီးခဲ့တာဖြစ်ပြီး  အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေ ဖြစ်ကြတဲ့ မားရစ်ရှပ်စ် (မောရစ်သျှ)၊ ဆေးရှဲလ်စ်၊ ကားမရို့စ်၊ မတ်ဒါဂက်စ်ကာ၊ မာယက်တ်၊ ရဲရ်ညွန် နဲ့ မောလ်ဒိဗ်စ် (မော်လ်ဒိုက်) နိုင်ငံ တွေက အားကစားသမားတွေ ပါဝင်ကြပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013