DVB Logo
Home
နိုင်ငံတကာ
မောက်အီကျွန်း တောမီးလောင်မှုမှ ပျောက်ဆုံးသူ ၃၃၈ ဦး၏ နာမည်စားရင်း ထုတ်ပြန်
DVB
·
August 26, 2023
မောက်အီကျွန်း တောမီးလောင်မှုမှ ပျောက်ဆုံးသူ ၃၃၈ ဦး၏ နာမည်စားရင်း ထုတ်ပြန်
Donate to DVB

ဟာဝိုင်ယီပြည်နယ် မောက်အီကျွန်းရဲ့ အပန်းဖြေမြို့ လာ့ဟိုင်းနားကို ဖြတ်သန်းသွားတဲ့ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း လူအသေအပျောက်အများဆုံး အမေရိကန် တောမီး လောင်ကျွမ်းမှုအပြီး ၂ ပတ် ကျော် ကြာချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူပေါင်း ၃၃၈ ဦးရဲ့ အမည်စာရင်းကို ဟာဝိုင်ယီ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ 

FBI မှ ပြုစုထားတဲ့ စာရင်းမှာ အမည်အပြည့်အစုံကို သိရှိသူတွေနဲ့ အာဏာပိုင်တွေဆီ ဆက်သွယ်ဖို့ အချက်အလက်တွေကို အတည်ပြုထားပြီး တစုံတယောက်က ပျောက်ဆုံးကြောင်း တိုင်ကြားထား သူတွေပဲ ပါဝင်ပါတယ်။ 

ကြာသပတေးနေ့ နှောင်းပိုင်းမှာ နာမည်တွေကို ထုတ်ပြန်ခဲ့ရာမှာ အာဏာပိုင်တွေဟာ စာရင်းထဲက တယောက်ယောက် ဘေးကင်းကြောင်း ဒါမှမဟုတ် သူတို့ကို ရှာဖွေရာမှာ အထောက်အကူ ဖြစ်စေမယ့် နောက်ထပ်အချက်အလက်တွေကို သိရှိသူတွေအနေနဲ့ FBI ကို ဆက်သွယ်ကြဖို့ တိုက်တွန်းထားပါတယ်။ 

တာဝန်ရှိသူတွေဟာ ပျောက်ဆုံးနေသူတွေရဲ့ အမည်တွေကို တင်ပြဖို့နဲ့ အလောင်းရုပ်ကြွင်းတွေကို ဖော်ထုတ်ရာမှာ အထောက်အကူပြုအောင် DNA နမူနာတွေ ပေးအပ်ကြဖို့လည်း သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို တိုက်တွန်းထားပါတယ်။ 

DNA ပံ့ပိုးပေးတဲ့ မိသားစု အရေအတွက်ဟာ အခုချိန်ထိ အာဏာပိုင်တွေ မျှော်မှန်းထားတာထက် နည်းပါးနေတာကြောင့် စိန်ခေါ်မှုရှိနေတဲ့ ခက်ခက်ခဲခဲ အလုပ်တခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေဟာ ခုချိန်ထိ သူတို့ဆီ စာရင်းမဝင်သေးတဲ့ လူ ၁၀၀၀ မှ ၁၁၀၀ အထိ ရှိနေကြောင်း အခုသီတင်းပတ် အစောပိုင်းက ပြောထားပါတယ်။ 

ဒါပေမယ့် အဲဒီစာရင်းထဲမှာ နာမည် တမျိုးတည်းသာရှိသူတွေ၊ စာရင်းတွေထဲ နာမည် ထပ်နေသူ တွေနဲ့ ကျား/မ ခွဲခြားမှု မရှင်းလင်းတဲ့ လူတချို့တို့ ပါဝင်နေကြောင်းလည်း သတိပေးထားပါတယ်။

ကြာသပတေးနေ့ မွန်းလွဲပိုင်းအထိ ပျောက်ဆုံးနေသူ ၁၇၃၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူ တွေက ပြောကြားခဲ့ပါတယ်။ 

မောက်အီကျွန်းမှာ သြဂုတ် ၈ ရက်က မီးလောင်မှုကြောင့် သေဆုံးသူဦးရေမှာ ၁၁၅ ဦး အထိ ရှိလာပြီဖြစ်ပေမယ့် ရှာဖွေရေးအဖွဲ့တွေဟာ ပြာတွေကို စစ်ထုတ်ရှာဖွေနေဆဲ ဖြစ်တာကြောင့် သေဆုံးသူ အရေအတွက် သိသိသာသာ မြင့်တက်လာဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက သတိပေး ထားပါတယ်။ 

၁၉၁၈ ခုနှစ်က မင်နီဆိုတာနဲ့ ဝစ်ကိုဆင်တို့မှာ လူပေါင်း ၄၅၀ သေဆုံးခဲ့တဲ့ တောမီး လောင်ကျွမ်းမှု နောက်ပိုင်း အခု တောမီးလောင်မှုဟာ အမေရိကန်မှာ လူသေဆုံးမှု အများဆုံး ဖြစ်ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013