DVB Logo
Home
မြန်မာသတင်း
စစ်တပ်အတွက် လေယာဉ်ဆီသယ်ယူမှု အာမခံပေးသည့် ယူကေ အာမခံကုမ္ပဏီများကို ဒဏ်ခတ်အရေးယူရန် တိုက်တွန်း  
DVB
·
August 25, 2023
စစ်တပ်အတွက် လေယာဉ်ဆီသယ်ယူမှု အာမခံပေးသည့် ယူကေ အာမခံကုမ္ပဏီများကို ဒဏ်ခတ်အရေးယူရန် တိုက်တွန်း  
Donate to DVB

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီသယ်ယူမှုတွေကို  အာမခံပေးနေတဲ့ ယူကေ အာမခံကုမ္ပဏီတွေကို  ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ ဘားမားကန်ပိန်းယူကေ အဖွဲ့က  အမေရိကန်နဲ့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်သူတွေအပေါ် လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဉ်ဆီတွေ ထောက်ပံ့ကူညီပေးနေတဲ့ လူပုဂ္ဂိုလ် ၂ ယောက်နဲ့ စင်ကာပူ အခြေစိုက် ကုမ္ပဏီ ၃ ခုတို့ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်တဲ့အပေါ် ဘားမားကန်ပိန်းယူကေအဖွဲ့က ဩဂုတ်လ ၂၃ ရက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

လေယာဉ်ဆီတင်ပို့မှုကို တားမြစ်တာဟာ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေအတွက် အထိရောက်ဆုံး ဆောင်ရွက်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့  ဘားမားကမ်ပိန်းဒါရိုက်တာ မာ့ခ်ဖာမနာက ပြောပါတယ်။

အမေရိကန်အနေနဲ့ ပြောခဲ့တဲ့အတိုင်း လက်တွေ့ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေးကို အာမခံပေးခဲ့တဲ့ ဗြိတိသျှ အာမခံကုမ္ပဏီ ၅ ခု ကိုလည်း ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။

သူတို့အာမခံပေးထားတဲ့ မြန်မာနိုင်ငံကို သယ်ယူပို့ဆောင်တဲ့ လေယာဉ်ဆီတွေဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုရားကျောင်းတွေကို ဗုံးကြဲရာမှာ သုံးနေတယ်ဆိုတာကို အဲဒီ အာမခံကုမ္ပဏီတွေက ကောင်းကောင်းသိပေမဲ့ လေယာဉ်ဆီသယ်ယူပို့ဆောင်ရေးကို ဆက်လက်အာမခံပေးဖို့ ဆုံးဖြတ်ထားကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေးအပေါ် အာမခံပေးတာကို ရပ်ဆိုင်းဖို့ ငြင်းဆန်နေတဲ့ ဗြိတိသျှကုမ္ပဏီ ၅ ခုကတော့ UK P&I ၊ Steamship Mutual ၊ Britannia P&I ၊ North Standard နဲ့ Shipowners’ Club တို့ဖြစ်ကြပါတယ်။

အမေရိကန်ရဲ့ ဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံက အရပ်သားလူ့အဖွဲ့အစည်းအတွက်ရော မြန်မာ့လေယာဉ်ဆီ တင်ပို့မှုလုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူဖို့ နှစ်နှစ်နီးပါး တောင်းဆိုနေခဲ့ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအတွက်ပါ အောင်ပွဲပဲလို့ ဘားမားကမ်ပိန်းယူကေရဲ့ ဒါရိုက်တာဖြစ်သူ မာ့ခ်ဖာမနာက ပြောပါတယ်။

“အခုဆိုရင် ယူကေနဲ့ ဥရောပသမဂ္ဂတို့ကလည်း အမေရိကန်ကို ဥပမာယူပြီး မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့ရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ ယူကေနဲ့ ဥရောပ ကုမ္ပဏီတွေကို စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်အရေးယူရမှာ ဖြစ်ပါတယ်။ လက်နက်၊ ကိရိယာ၊ ဝင်ငွေနဲ့ လေယာဉ်ဆီတွေ မြန်မာစစ်တပ်ဆီကို တင်ပို့နေတာတွေ ရပ်တန့်တားဆီနိုင်ဖို့ အစိုးရတွေ အားလုံးက စီးပွားရေးပိတ်ဆို့မှုတွေ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ရတော့မယ်။”

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်ပို့ရောင်းချခြင်းမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ခဲ့ရင် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ကြုံရမှာဖြစ်ကြောင်း နိုင်ငံတကာကုမ္ပဏီတွေကို အမေရိကန်က သတိပေးအကြောင်းကြားထားပါတယ်။

မြန်မာစစ်တပ်ဟာ လေယာဉ်ဆီရောင်းဝယ်ရေး ကိစ္စတွေမှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အသုံးချနေတယ်လို့ သိရှိထားတာကြောင့် အဲဒီဘဏ်နှစ်ဘဏ်ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီးနောက် လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေကို ထပ်ဆင့် အရေးယူလိုက်တာပါ။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုရားကျောင်းတွေကို ဗုံးကြဲတာတွေ အပါအဝင် အရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာတွေ ပုံမှန်ဆောင်ရွက်လာတာကြောင့် လူပေါင်းသိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013