DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများ တရားမျှတမှုရရှိရေး ကူညီသွားမည်ဟု NUG ဝန်ကြီးပြော
DVB
·
August 25, 2023
ရိုဟင်ဂျာများ တရားမျှတမှုရရှိရေး ကူညီသွားမည်ဟု NUG ဝန်ကြီးပြော
Donate to DVB

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ် အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ကိုပြန်နိုင်ရေးနဲ့ ရာဇ၀တ်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ NUG အစိုးရအနေနဲ့ ပူးပေါင်း‌ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ် ပြည့်အခမ်းအနားကို နိုင်ငံတကာရောက် ရိုဟင်ဂျာအရေး ဆောင်ရွက်သူတွေက အွန်လိုင်းကနေ ဒီနေ့ ကျင်းပရာမှာ  NUG အစိုးရ ၀န်ကြီးတွေက တက်ရောက်ပြောကြားခဲ့တာဖြစ်ပြီး ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်ခံရမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးတွေမှာ အမှုရင်ဆိုင်တဲ့အခါမှာ ကူညီပါ၀င်သွားမယ်လို့ ပြောပါတယ်။ 

ရိုဟင်ဂျာတွေ မူလနေရာကို လုံခြုံစိတ်ချပြီး၊ ဂုဏ်သိက္ခာရှိစွာပြန်နိုင်ရေးနဲ့ ရာဇဝတ်မှု ကျူးလွန် သူတွေကို အပြစ်ပေး အရေးယူနိုင်ရေးအတွက် NUG အစိုးရအနေနဲ့ ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီအခမ်းအနားမှာ ပါဝင်တက်ရောက်ခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း  မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်ခွဲခြားဆက်ဆံဖို့ ရေးဆွဲထားတဲ့ ၁၉၈၂ ခုနှစ် ဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့နဲ့ ခွဲခြားဆက်ဆံခံရမှုတွေအတွက် အသိအမှတ်ပြု ဝမ်းနည်းတဲ့အကြောင်း၊ အကောင်းဆုံးတရားမျှတမှုတွေ ရရှိနိုင်ဖို့  ခေတ်သစ် စနစ်သစ်နဲ့ သွားဖို့လိုအပ်ကြောင်းကို ပြောဆိုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တရားရုံးမှာ စစ်ကောင်စီက ကြားကာလ အစီအမံ စီရင်ခံစာတွေ တင်ပြနေချိန်မှာ NUG အနေနဲ့လည်း ICJ နဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ အခုလို နေရပ်ပြန်ရေး ဆိုပြီး စစ်အုပ်စုကလုပ်နေချိန်မှာ NUG အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ UNHCR တို့နဲ့လည်းတွေ့ဆုံဆွေးနွေးဖို့  ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက တိုက်တွန်းပါတယ်။ 

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်   ဩဂုတ်လမှာ  အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး‌ ခေါင်းစဉ်နဲ့ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ခဲ့တာကြောင့်  ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတာပါ။

မြန်မာစစ်တပ်ရဲ့  စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ မွေးစကလေးငယ် ၁၀၀၀၀ လောက် သတ်ဖြတ်ခံခဲ့ရပြီး၊ လူပေါင်း ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗောလ်ကာတာ့ခ်က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။

ရိုဟင်ဂျာတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ကို အရေးယူနိုင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဝိုင်းဝန်းထောက်ခံပေးကြဖို့ကိုလည်း သူက တိုက်တွန်းသွားပါတယ်။ 

အွန်လိုင်းကနေ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ အမေရိကန်၊ဘ ဂ်လားဒေံရှ်နိုင်ငံတို့က  လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အတူ NUG ပြည်ထောင်စုဝန်ကြီး၂ ယောက်နဲ့  ဒုဝန်ကြီး ၂ ယောက်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013