DVB Logo
Home
မြန်မာသတင်း
ရွှေဈေး၊ ငွေလဲနှုန်း၊ ထူးခြားစီးပွား
DVB
·
July 28, 2014
ရွှေဈေး၊ ငွေလဲနှုန်း၊ ထူးခြားစီးပွား
Donate to DVB

ငွေလဲနှုန်း

ဇူလိုင် ၂၈ ရက်အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၉၇၄ ကျပ်၊ ဥရောပ ၁ ယူရိုကို မြန်မာငွေ ၁၃၀၈ ဒသမ ၆ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၇၈၄   ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၀ ဒသမ ၆ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။

ရွှေဈေး

gold3ရွှေဈေးကတော့ အကယ်ဒမီ ရွှေ တကျပ်သား ကို ပြန်ရောင်းရင်   ၆၇၄၃၀၀ ကျပ် ဈေးပေါက်ပြီး ၀ယ်ဈေးက ကျပ်ငွေ ၁၂၀၀ ပိုပါတယ်။ ဒီကနေ့ ကမ္ဘာ့ရွှေဈေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁၃၀၄  ဖြစ်ပါတယ်။

ထူးခြားစီးပွား

ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေး ကြန့်ကြာနေမှု ဖြေလျော့ပေးတော့မည်

နိုင်ငံတကာ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေ အပါအ၀င် ကုန်သွယ်မှု လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ ကြန့်ကြာနေရတဲ့အချက်တွေကို ဖြေလျော့ ပေးသွားတော့မယ်လို့ သမ္မတရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက ပြောပါတယ်။

ဇူလိုင် ၂၇ ရက်နေ့က ရန်ကုန် ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း UMFCCI မှာ ကျင်းပတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲအပြီး  ရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

ကမ္ဘာ့ဘဏ် IFC ရဲ့ Doing Business Report 2014 ပါအချက်တွေအရ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု လုပ်ကိုင်ရာမှာ မြန်မာနိုင်ငံဟာ အခက်ခဲဆုံး ၆ နိုင်ငံထဲမှာ ပါဝင်နေတာကို ပြုပြင်ဖို့ ခုလို ဖြေလျော့ရတာလို့ ဒေါက်တာဇော်ဦးက ပြောပါတယ်။

IFC ရဲ့အဆင့်သတ်မှတ်ချက်အရ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု အညွှန်းကိန်းပြုစုထားတဲ့ ၁၈၈ နိုင်ငံမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၈၂ နဲ့ အောက်ဆုံးနားမှာ ရှိနေပါတယ်။

၂ လအတွင်း ဟိုတယ် ၃၆ လုံး ဖွင့်လှစ်နိုင်ခဲ့

မြန်မာနိုင်ငံမှာ ဇွန်၊ ဇူလိုင် နှစ်လ အတွင်း ဟိုတယ် အသစ် ၃၆ လုံးနဲ့ အခန်းအရေအတွက် ၁၀၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဟိုတယ်ခရီး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ အထိ မြန်မာနိုင်ငံမှာ ဟိုတယ် အလုံးပေါင်း ၁၀၀၀ နဲ့ အခန်းအရေအတွက် ၃ သောင်း ၈ ထောင်ကျော် ရှိပါတယ်။ လက်ရှိ အခန်ပေါင်း ၁၀၃၆ လုံးနဲ့ အခန်းအရေအတွက် ၄ သောင်းနီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က နိုင်ငံခြားသား ခရီးသည် ၂ သန်းကျော် ၀င်ရောက်ခဲ့ပြီး အခုနှစ် ၃ သန်း ၀င်ရောက်ဖို့ မျှော်မှန်းထားတာကြောင့် နောက်ထပ် ဟိုတယ်နဲ့ အခန်း လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ရွှေနိုင်ငံ ခရီးသွားလုပ်ငန်း အေဂျင်စီရဲ့ ကိုမင်းစိုးလင်းက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013