DVB Logo
Home
အားကစား
မန်စီးတီးနောက်ခံလူ လာပေါ်တေး အယ်လ်နာဆာအသင်းဆီ အပြီးသတ်ပြောင်းရွှေ့
DVB
·
August 25, 2023
မန်စီးတီးနောက်ခံလူ လာပေါ်တေး အယ်လ်နာဆာအသင်းဆီ အပြီးသတ်ပြောင်းရွှေ့
Donate to DVB

မန်စီးတီးနောက်ခံလူ လာပေါ်တေးဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီကို ပေါင် ၂၃ သန်းခွဲနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။

အသက် ၂၉ နှစ်ရှိ စပိန်နောက်ခံလူဟာ မန်စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ခရိုအေးရှားနောက်ခံလူ ဂဗာဒီယို ရောက်ရှိ လာတဲ့အတွက် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လာပေါ်တေးဟာ အယ်လ်နာဆာနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်လုပ်ခ ပေါင် ၂၁ သန်း အထိရရှိမယ်လို့သိရပါတယ်။

သူဟာ အယ်လ်နာဆာအသင်းမှာ တိုက်စစ်မှူးစီရော်နယ်ဒို၊ မာနေးတို့နဲ့ တစ်သင်းထဲ တွေ့ဆုံကြမှာပါ။ လာပေါ်တေးဟာ မန်စီးတီးအတွက် စုစုပေါင်း ပွဲ ၁၈၀ လောက် ကစားခဲ့ပြီး ဆုဖလား ၁၅ လုံးရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးမှာ အဲဒီလောက်အောင်မြင်မှုရမယ်လို့ မထင်ခဲ့ကြောင်းနဲ့ အသင်းနဲ့ သက်ဆိုင်သူတွေ အားလုံးကိုကျေးဇူးတင်ကြောင်း၊ စီးတီးပရိသတ်အဖြစ် အမြဲတမ်းဆက်ရှိနေမှာဖြစ်ကြောင်း လာပေါ်တေးက စီးတီးပရိသတ်တွေကို နှုတ်ဆက်စကားဆိုခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013