DVB Logo
Home
နိုင်ငံတကာ
အမေရိကန် အထက်လွှတ်တော်အမတ် ၃ ဦး ယူကရိန်းသွားရောက်
DVB
·
August 24, 2023
Donate to DVB

အမေရိကန် အထက်လွှတ်တော်အမတ် သုံးဦးဟာ သြဂုတ် ၂၃ ရက်က ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ကို သွားရောက်ခဲ့ပြီး ရုရှားရဲ့ကျူးကျော်မှုကို တိုက်ဖျက်ဖို့ ယူကရိန်းနိုင်ငံကို ပိုပံ့ပိုးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီအမတ် လင်ဆေး ဂရေဟမ်၊ ဒီမိုကရက်ပါတီအမတ် အဲလိဇဘက် ဝါရန်နဲ့ ရစ်ချတ် ဘလူမန်သယ်တို့ဟာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ကြောင့် ယာဉ်ရပ်နားစခန်းထဲမှာ ပိတ်မိနေချိန် မီဒီယာတွေနဲ့ စကားပြောခဲ့တာပါ။ နောက်ပိုင်းမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ယူကရိန်းတပ်တွေဟာ ဇွန်လအစောပိုင်းမှာ ဆုံးရှုံးသွားတဲ့နယ်မြေတွေ ပြန်ရဖို့ တန်ပြန်ထိုးစစ်ကို စတင်ခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားတွေရဲ့ မိုင်းတွေ၊ ကတုတ်ကျင်းတွေ အထူးသဖြင့် နိုင်ငံအရှေ့တောင်ဘက်က ကျယ်ပြောလှတဲ့ ရုရှားမိုင်းကွင်းတွေ၊ ကတုတ်ကျင်းတွေကို ကြုံတွေ့ခဲ့ရလို့ တိုးတက်မှု နှေးကွေးခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013