DVB Logo
Home
မြန်မာသတင်း
The Voice of Freedom (ကရင်နီအိုင်ဒေါ) သီချင်းဆိုပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်
DVB
·
August 23, 2023
Donate to DVB

The Voice of Freedom (ကရင်နီအိုင်ဒေါ) သီချင်းဆိုပြိုင်ပွဲကို တော်လှန်ရေးကာလအတွင်း ကရင်နီပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပဖို့ရှိနေတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

The Voice of Freedom ကရင်နီအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်မယ့်သူတွေကို ပထမအဆင့် အနေနဲ့ အွန်လိုင်းကနေ စိစစ်ရွေးချယ်သွားမှာဖြစ်ပြီး နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကို ကရင်နီပြည်နယ်တနေရာမှာ တီးဝိုင်းအစုံနဲ့ စခန်းသွင်းယှဉ်ပြိုင် သီဆိုစေမှာဖြစ်တယ်လို့  The Voice of Freedom တီးဝိုင်းအဖွဲ့ဝင် ကိုအယ်လ်ဖောင်းက ပြောပါတယ်။

တော်လှန်ရေးကာလ သုံးနှစ်နီးပါးရှိလာချိန် တော်လှန်ရေးထဲမှာ ပါဝင်နေသူတွေ၊ တော်လှန်ရေးကို ထောက်ကူပေးနေတဲ့ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေအတွက် စိတ်ထွက်ပေါက်တခုအဖြစ် ဖျော်ဖြေပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ The Voice of Freedom သီချင်းဆိုပြိုင်ပွဲရဲ့ Programm Director ကိုမျိုးသန့်က DVB ကို ပြောပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အသက် ၁၈ နှစ်ပြည့်ပြီး ကရင်နီပြည်နယ်မှာ စခန်းသွင်းလေ့ကျင့်ရေးဝင်ရောက်နိုင်သူဖြစ်ဖို့ လိုအပ်မှာဖြစ်ပြီး နောက်ဆုံးအနိုင်ရသူကို ကျပ် သိန်း ၅ဝ ချီးမြှင့်မယ့်အပြင် တေးအယ်လ်ဘမ်တခု ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကဲဖြတ်ဒိုင်အဖြစ် နိုင်ငံကျော်ဂီတပညာရှင်နှစ်ဦး၊ ကရင်နီဒေသခံဂီတပညာရှင်တဦးတို့က ပါဝင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

The Voice of Freedom သီချင်းဆိုပြိုင်ပွဲကို ကရင်နီပြည်နယ်က ကျန်းမာရေး၊ ပညာရေး၊ စစ်ရှောင်ထောက်ပို့ ကဏ္ဍအသီးသီးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူတွေ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ပြိုင်ပွဲကျင်းပမယ့်အကြောင်းနဲ့ အစီအစဉ်အသေးစိတ်ကို ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို တရားဝင်စာတင်ပြီး ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013