DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်တွင် အဆိုးရွားဆုံး မိုးလေဝသ သတိပေးချက် ထုတ်ပြန်
DVB
·
August 22, 2023
ပြင်သစ်တွင် အဆိုးရွားဆုံး မိုးလေဝသ သတိပေးချက် ထုတ်ပြန်
Donate to DVB

ပြင်သစ်အစိုးရဟာ တောင်ပိုင်းနယ်မြေလေးခုအတွက် အဆိုးရွားဆုံး မိုးလေဝသ သတိပေးချက်တရပ်ကို သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက ထုတ်ပြန်ခဲ့ပြီး ပွဲလမ်းသဘင်တွေနဲ့ လိုအပ်ရင် အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ပိတ်ဖို့ ခွင့်ပြုခဲ့ပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုကာလအတွင်း လူထုကိုကာကွယ်ဖို့ အစိုးရအစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပြင်သစ်မိုးဇလဌာနရဲ့ သက်တမ်းမှာ ခြောက်ကြိမ်မြောက် သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုနှစ်အတွက် ပထမဆုံးထုတ်ပြန်တဲ့ တပ်လှန့်မှု ဖြစ်ပါတယ်။

တနင်္လာနေ့အစောပိုင်းမှာ ပြင်သစ်မိုးဇလဌာနဟာ နိုင်ငံရဲ့ နယ်မြေတဝက်အတွက် လိမ္မော်ရောင် သတိပေးချက်ကိုထုတ်ပြန်ခဲ့ပြီး မုန်တိုင်းဒဏ်ခံရတဲ့ ဒေသအများစုမှာ အပူချိန် ၃၅ ကနေ ၃၈ ဒီဂရီစင်တီဂရိတ်ကြား ရှိနိုင်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်တောင်ပိုင်း ဗင်စိုဘရက်စ်မြို့မှာ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်၊ ပါပစ်ညောနဲ့ တူလူမြို့တွေမှာ အပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ပါတယ်။

ပြင်သစ်ကျန်းမာရေးဝန်ကြီး အူရေလီယံ ဟူစိုဟာ သီတင်းပတ်ကုန်ရက်အထိ ကြာနိုင်တဲ့ အပူရှိန်ပြင်းပြမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်မိတယ်၊ ထိခိုက်လွယ်သူတွေ ဆေးရုံမရောက်ရအောင် ကြိုတင်ကာကွယ်မှု အစီအမံတွေကို လိုက်နာဖို့ အကြံပြုတယ်လို့ တနင်္လာနေ့က BFM ရုပ်သံကနေ အကြံပြု ပြောဆိုခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013