DVB Logo
Home
အားကစား
အမျိုးသမီးဘောလုံးလောက နောက်တဆင့်တက်လှမ်းရန် အသင့်ရှိနေပြီဟု နည်းပြ ဗက်ခ်မန်း သုံးသပ်
DVB
·
August 22, 2023
အမျိုးသမီးဘောလုံးလောက နောက်တဆင့်တက်လှမ်းရန် အသင့်ရှိနေပြီဟု နည်းပြ ဗက်ခ်မန်း သုံးသပ်
Donate to DVB

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအလွန်မှာ အမျိုးသမီးဘောလုံးလောကဟာ နောက်တဆင့် တက်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း အင်္ဂလန်နည်းပြ ဗက်ခ်မန်းက သုံးသပ်သွားပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာပူးတွဲကျင်းပခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ၂၀၁၉ ခုနှစ်ကပြိုင်ပွဲထက် ပျမ်းပျှပွဲကြည့်ပရိသတ်ဦးရေတိုးတက်လာခဲ့ပြီး လူစိတ်ဝင်စားမှုနဲ့ ပြိုင်ပွဲအရည်အသွေးပိုမိုတိုးတက်ခဲ့တာပါ။

အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရင်ကတိုးတက်မှုနှုန်းအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဝမ်းမြောက်စွာကြိုဆိုသွားရမှာဖြစ်ကြောင်း၊ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုပိုမိုရရှိခဲ့သလို နည်းစနစ်၊ နည်းဗျူဟာနဲ့ ကြံ့ခိုင်မူတွေမှာလည်း တိုးတက်လာကြောင်း နည်းပြဗက်ခ်မန်းက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတိုင်းက ထိပ်တန်းအဆင့်ကို ဆက်လက်သွားဖို့လိုအပ်ပြီး လက်ရှိအခြေအနေအတိုင်း ဆိုရင်အမျိုးသမီးဘောလုံးလောကဟာ နောက်တဆင့်တက်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း ဗက်ခ်မန်းက ပြောပါတယ်။

ဟော်လန်လူမျိုးနည်းပြ ဗက်ခ်မန်းဟာ ၂၀၁၉ ခုနှစ်နဲ့ အခုနှစ်ပြိုင်ပွဲတွေမှာ ဟော်လန်နဲ့ အင်္ဂလန်အသင်းတွေကို ဗိုလ်လုပွဲထိရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယဆုတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013