ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟာမိုနီဟာ ဇူလိုင်လ အထွေထွေရွေးကောက်ပွဲအပြီး သြဂုတ် ၂၁ ရက်မှာ နိုင်ငံရဲ့ လွှတ်တော်အသစ်ကိုစတင်ကျင်းပဖို့ ဖွင့်လှစ်ပေးလိုက်ပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်၊ လွှတ်တော်ဥက္ကဋ္ဌ ဟိန်ဆမ်ရင်၊ အထက်လွှတ်တော်ဥက္ကဋ္ဌ စိုင်ချုံးနဲ့ ဝန်ကြီးချုပ် ဖြစ်လာမယ့် ဟွန်မာနက်တို့ဟာ ပါလီမန်အဆောက်အအုံထဲ မဝင်ခင် အပြင်ဘက်မှာ ဘုရင်ကို နှုတ်ဆက်ခဲ့ကြပါတယ်။
အခန်းထဲမှာ ဘုရင် နိုရိုဒွန် သီဟာမိုနီက ရွေးချယ်ခံရသူ လွှတ်တော်ကိုယ်စားလှယ် အားလုံးနဲ့အတူ ဓာတ်ပုံမရိုက်မီ လွှတ်တော်အဆောက်အဦ အပြင်ဘက်မှာ စကားပြောဆိုခဲ့ပါတယ်။
ဟွန်ဆန်ရဲ့ သားဖြစ်သူ အနောက်တိုင်းပညာတတ် ဟွန်မာနက်ကို လာမယ့် သြဂုတ် ၂၂ ရက်မှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ ဘုရင်က အတည်ပြုခဲ့ပါတယ်။
ကမ္ဘောဒီးယားလွှတ်တော်ဟာ သြဂုတ် ၂၂ ရက်မှာ အစိုးရအဖွဲ့ဝင်အသစ်တွေကို အတည်ပြုဖို့ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အစိုးရအဖွဲ့ဝင်အသစ်တွေဟာ အင်္ဂါနေ့ညနေပိုင်းမှာ တော်ဝင်နန်းတော်မှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။
Source - Reuters