DVB Logo
Home
မြန်မာသတင်း
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းသားခေါ်ယူမှု လျှော့ချ
DVB
·
August 21, 2023
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းသားခေါ်ယူမှု လျှော့ချ
Donate to DVB

ဆရာအင်အားမလုံလောက်လို့ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ရဲ့ ဝင်ခွင့်တွေကို အရင်က ၁,၀၀၀ ကျော် ဝင်ခွင့်ပေးခဲ့ရာက အခုနှစ်မှာ ၈၀၀ ကျော်သာ ဝင်ခွင့်ပေးတော့တယ်လို့ အဲ့ဒီကောလိပ်ကနေ သိရပါတယ်။

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ကနေ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်သူတွေ ဝင်ခွင့်ပေးမယ့် BBM, BA(EPP), BA(Journalism), BTHM နဲ့ BEF ပထမနှစ် သင်တန်းတွေအတွက် ဝင်ခွင့်ခေါ်ယူထားရာ အရင်နှစ်တွေကထက် ဝင်ခွင့်ပေးမယ့် အရေအတွက်ကို အယောက် ၃၀၀ လောက်အထိ လျှော့ချခေါ်ယူထားရတာ ဖြစ်ပါတယ်။

အခုနှစ်မှာ BBM သင်တန်းအတွက် ဦးရေ ၂၀၀၊ BA(EPP) သင်တန်းကို ၁၂၀ ဦး၊ BA(Journalism) သင်တန်းကို ၁၂၀ ဦး၊ BTHM နဲ့ BEF သင်တန်းတွေအတွက် ၂၀၀ ဦးစီ ခေါ်ယူထားတာဖြစ်ပြီး အရင်နှစ်တွေက BBM သင်တန်း၊ BTHM နဲ့ BEF သင်တန်းတွေအတွက် အယောက် ၃၀၀ လောက်အထိ ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကောလိပ်က ဆရာမတဦးက “CDM လုပ်သွားတဲ့ အကျိုးဆက်တွေပေါ့။ ကျောင်းသားအင်အားနဲ့ ဆရာအင်အားက မမျှတော့ အရေအတွက်ကို လျှော့လိုက်ရတယ်။ မနှစ်ကတော့ ပုံမှန်ခေါ်နေကျအတိုင်း ၁,၀၀၀ ကျော် ခေါ်ခဲ့ပါသေးတယ်။ ဒီနောက်ပိုင်းကျတော့ ဝင်လာမယ့်ကျောင်းသားအင်အားကို မထိန်းနိုင်မှာစိုးတာလည်း ပါတယ်” လို့ ပြောပါတယ်။

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်က ဆရာ၊ ဆရာမ ၇၅ ရာခိုင်နှုန်းဟာ အကြမ်းမဖက် အာခံခြင်းနည်းဖြစ်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်က စတင်ခဲ့ပေမဲ့ တချို့ဆရာ ဆရာမတွေကတော့ CDM လှုပ်ရှားမှုကနေ ရပ်နားပြီး ပြန်လည် တာဝန်ထမ်းဆောင်တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှာ ပြန်ဖွင့်လှစ်မယ့် ပညာသင်နှစ်ကို အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် စတုတ္ထနှစ် ကျောင်းသားကျောင်းသူ ၉၉ ရာခိုင်နှုန်းက လုံးဝတက်ရောက်မှာမဟုတ်ဘူးလို့ ကြေညာခဲ့ပြီး အဲ့ဒီအထဲက ကျောင်းသားအနည်းငယ်ကတော့ ကျောင်းပြန်တက်ခဲ့တယ်လို့ လက်ရှိ ကျောင်းတက်နေသူတွေက ပြောပါတယ်။

ဒီမိုကရေစီကို လိုလားတဲ့ မိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ လက်ရှိအချိန်ထိ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ ပြန်လည်မတက်ရောက်ဘဲ အာဏာဖီဆန်နေဆဲ ရှိနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013