DVB Logo
Home
နိုင်ငံတကာ
လကမ္ဘာသို့ဆင်းသက်ရန် ကြိုးစားခဲ့သည့် ရုရှားအာကာသယာဉ် ပျက်ကျ
DVB
·
August 21, 2023
လကမ္ဘာသို့ဆင်းသက်ရန် ကြိုးစားခဲ့သည့် ရုရှားအာကာသယာဉ် ပျက်ကျ
Donate to DVB

၄၇ နှစ်တာအတွင်း ရုရှားနိုင်ငံရဲ့ ပထမဆုံးသော လကမ္ဘာမစ်ရှင်မှာ Luna-25 အာကာသယာဉ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ပြီး မအောင်မြင်ခဲ့ဘူးလို့ သြဂုတ် ၂၀ ရက်က ရုရှား နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း ရော့စ်ကော့စ်မော့စ်က အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရုရှားအာကာသယာဉ်ဟာ အကြိုဆင်းသက်ရေး ပတ်လမ်းထဲကို လမ်းလွဲသွားရာကနေ ပြဿနာတခု ပေါ်ပေါက်ခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ ရော့စ်ကော့စ်မော့စ်က ပြောပါတယ်။

ရော့စ်ကော့စ်မော့စ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “မခန့်မှန်းနိုင်တဲ့ ပတ်လမ်းထဲကို ယာဉ်ယန္တရား ရွေ့လျားသွားရာမှာ လမျက်နှာပြင်နဲ့ ဝင်တိုက်မိခဲ့တဲ့အတွက် ရလဒ်အနေနဲ့ ပျက်ကျသွားခဲ့တယ်” လို့ ဖော်ပြထားပါတယ်။

လီယွန်ညစ် ဘရီဇန်းဗ် အုပ်ချုပ်စဉ်ကာလဖြစ်တဲ့ ၁၉၇၆ ခုနှစ်ရဲ့ Luna-24 အာကာသယာဉ် နောက်ပိုင်းမှာ ရုရှားအနေနဲ့ လကမ္ဘာမစ်ရှင်အတွက် ကြိုးပမ်းခဲ့တာမျိုး မရှိပါဘူး။

Luna-25 ကတော့ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းကို သြဂုတ် ၂၁ ရက်မှာ ထိခိုက်မှုနည်းပါးစွာနဲ့ ဆင်းသက်နိုင်မယ်လို့ မျှော်မှန်းထားတာပါ။

ဒီရုရှားမစ်ရှင်ဟာ အိန္ဒိယနိုင်ငံနဲ့ ယှဉ်ပြိုင်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီတပတ်ထဲမှာပဲ အိန္ဒိယနိုင်ငံရဲ့ Chandrayaan-3 အာကာသယာဉ်က လကမ္ဘာ တောင်ဝင်ရိုးစွန်းကို ဆင်းသက်နိုင်ဖို့အတွက် စီစဉ်ထားပါတယ်။

ဒါပေမဲ့လည်း အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးဟာ လကမ္ဘာစူးစမ်းရှာဖွေရေး အစီအစဉ်တွေမှာ ပိုမိုကျယ်ပြန့်စွာနဲ့ ခရီးရောက်နှင့်နေပြီ ဖြစ်ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013