DVB Logo
Home
မြန်မာသတင်း
မာရဝိဇယဘုရား လူစည်ကားရန် နေပြည်တော်မှ အမျိုးသားရေးအဖွဲ့များ စီစဥ်ပေးနေရ
DVB
·
August 21, 2023
မာရဝိဇယဘုရား လူစည်ကားရန် နေပြည်တော်မှ အမျိုးသားရေးအဖွဲ့များ စီစဥ်ပေးနေရ
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်တည်ထားတဲ့ ဒက္ခိဏသီရိမြို့နယ်က မာရဝိဇယဘုရား လူစည်းကားအောင် နေပြည်တော် ၈ မြို့နယ်မှ အမျိုးသားရေးသမားတွေက စီစဥ်ပေးနေရတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်မနား၊ လယ်ဝေး၊ တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိနဲ့ ဒက္ခိဏသီရိမြို့နယ်ရှိမှ ဝန်ထမ်းတွေ၊ မိသားစုဝင်တွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ အမျိုးသားရေးသမားတွေကို အလှည့်ကျပို့ဆောင်ပေးရတာလို့ တပ်ကုန်းမြို့ ဒေသခံတဦးက  ဒီဗွီဘီကို ပြောပါတယ်။

"ဘုရားကို ကျနော်တို့တွေက ၁၀ ရက်မှ သွားရတာ၊ အရင်ရက်တွေက စစ်သားတွေ၊ ရဲတွေ၊ ဝန်ထမ်းတွေပဲ ဖူးရတာ။ မီဒီယာတွေမှာပါလာပြီး ပြည်သူကို အစားထိုးမယ်ဆိုတော့ တော်ရုံလာနိုင်တဲ့သူမရှိဘူး၊ နေပြည်တော် ၈ မြို့နယ်က လူတွေနဲ့ အစားထိုးရတာ။"

လာမယ့် သြဂုတ် ၃၁ ရက် ၆၂ ကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့မှာ လူဦးရေ သိန်းချီ ပို့ဆောင်နိုင်ရေးအတွက် လယ်ဝေးမြို့နယ် အောင်းကုန်းကျေးရွာ ရှေးဟောင်းကျောင်းမှာ အမျိုးသားရေးဆရာတော်တွေ မနေ့ နေ့လယ်ပိုင်းက ဆွေးနွေးခဲ့ကြတယ်လို့ လယ်ဝေးမြို့ခံတဦးက ဒီဗွီဘီကို ရှင်းပြပါတယ်။

"မနေ့က မင်းအောင်လှိုင်လာပြီး ပြည်သူနဲ့တွေ့တာမဟုတ်ဘူး၊ ကြိုပြီးစီစဥ်ထားတာ။ အခုလည်း ၃၁ ရက်နေ့မှာ လူဦးရေ ၂ သိန်းကျော်အထိလိုလို့ နေပြည်တော် ၈ မြို့နယ်မှာ မဘသက လူတွေ လိုက်ရှာနေကြတယ်။" 

မာရဝိဇယဘုရားကို စက်တင်ဘာ ၄ ရက်မှစပြီး ပြည်သူတွေ ပိုက်ဆံပေး ဖူးရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ နှုန်းထားတွေကတော့ လူကြီးကျပ် ၁၀၀၀၊ ကလေးတဦး (ရင်ခွင်ပိုက်မပါ) ကျပ် ၁၀၀၀၊ နိုင်ငံခြားသားတဦး ၁၀ USD၊ အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ) ကျပ် ၅၀၀၀၊ အလှဓာတ်ပုံရိုက်/ Video အပါ (နာရီဝက်ပိုတိုင်း ကျပ် ၅၀၀၀) ကျပ် ၅၀၀၀၀၊ ယာဉ်ဝင်ခွင့် တစီးလျှင် (ကား parking အထိ) ကျပ် ၂၀၀၀၀၊ Buggy တစီး (လေးယောက်စီး) ၁ နာရီကျပ် ၁၀၀၀၀ ကောက်ခံမှာလို့ ထုတ်ပြန်ထားပါတယ်။

လက်တလောမှာ ငွေကြေးကောက်ခံမှုကို အပျော်ရိုက် ကင်မရာ(ဖုန်း)အတွက် ပြန်လည်ပယ်ဖျက်ခဲ့ပြီး သြဂုတ် ၈ ရက်မှ ၁၆ ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာမှ အခု စက်တင်ဘာ ၃ ရက်အထိ တိုးမြှင့်ထားတာကို တွေ့ရပါတယ်။

လက်တလောမှာ ရဟန်းသံဃာ၊ သီလရှင်တွေနဲ့ ကျောင်ေသား၊ ကျောင်းသူတွေကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမှာဖြစ်သလို ဝန်ထမ်းတွေကိုလည်း ၅၀ ရာခိုင်နှုန်း လျှောချ ကောက်ခံပေးသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

နိုင်ငံအတွင်းမှာ ပြည်သူတွေ စားဝတ်နေရေးခက်ခဲပြီး ကုန်စျေးနှုန်းကြီးမြှင့်တာ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာနဲ့ ခိုးဆိုးလုယက်မှုတွေ ကြုံနေရချိန် ငွေကျပ်ဘီလီယံချီ အကုန်အကျခံကာ မာရဝိဇယဘုရားတည်ဆောက်တဲ့ကိစွနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013