
Miss Universe Myanmar 2014 အလှမယ် ရွေးချယ်ပွဲ ကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ဇူလိုင် ၂၆ ရက် စနေနေ့ည က အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါတယ်။
နှစ်ပေါင်း ၅၀ ကျော်အတွင်း ဒုတိယ အကြိမ်မြောက် ကျင်းပတဲ့ အလှမယ် နောက်ဆုံးဆန်ကာတင် အဆင့် ရွေးချယ်ပွဲကြီးမှာ အလှမယ် ၂၀ ဦးမှ ရေကူးဝတ်စုံ၊ မြန်မာဝတ်စုံ၊ စိတ်ကြိုက် ညနေခင်းပွဲတက် ၀တ်စုံများဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဆန်ကာတင် အလှမယ်များကို ဗဟုသုတ မေးခွန်းများကို ဖြေကြားစေခဲ့ပြီး Miss Universe Myanmar မြန်မာကိုယ်စားပြုမယ် ကို ရွေးချယ်ပေးခဲ့ပါတယ်။
ယှဉ်ပြိုင်မှုအဆင့်ဆင့်ကြား အားလပ်ချိန်တွင် ဖျော်ဖြေရေး အစီအစဉ်များကိုပါ ထည့်သွင်း ဖျော်ဖြေပေးခဲ့ပါတယ်။ ပြီးနောက် Title ဆုများကို ပေးအပ်ခဲ့ပြီး နောက်ဆုံးအဆင့် Miss Universe Myanmar 2014 ဆုကို သျှားထွဋ်အိန္ဒာ က ရရှိခဲ့ပြီး ဒုတိယ ဆိုကို ယွန်းမီမီကျော်နဲ့ တတိယဆုကို ရွှေစင်ကိုကို တို့က အသီးသီး ရရှိခဲ့ပါတယ်။
မြန်မာကိုယ်စားပြု အရွေးခံရသူဟာ အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မြို့မှာ ပြုလုပ်မယ့် Miss Universe ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
[gallery ids="61080,61081,61082,61083,61084,61085,61086,61087,61088,61089,61090,61091,61092"]











