DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၊တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်များ တွေ့ဆုံ
DVB
·
August 20, 2023
အမေရိကန်၊တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်များ တွေ့ဆုံ
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ခေါင်းဆောင်တွေဟာ ကမ့်ပ်ဒါဗီမှာ ဩဂုတ် ၁၈ ရက်က တွေ့ဆုံခဲ့ကြပြီး စစ်ဘက်နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေ ပိုမိုနက်ရှိုင်းလာအောင် လုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ "အန္တရာယ်များပြီး ရန်လိုတဲ့ အပြုအမူ" ကိုလည်း အပြင်းထန်ဆုံး ပူးတွဲရှုတ်ချခဲ့ ပါတယ်။

ဘိုင်ဒန်အစိုးရအဖွဲ့ဟာ အာရှဒေသက အမေရိကန်ရဲ့ အဓိက မဟာမိတ်ခေါင်းဆောင်တွေဖြစ်တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယဲင်းနဲ့ ဂျပန်၀န်ကြီးချုပ် ဖှုမိအို ခိရှိဒါ့တို့နဲ့ ထိပ်သီးဆွေးနွေးပွဲ ကို ကျင်းပခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ အင်အားကြီးထွားလာမှုနဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ဖို့ ကြိုးပမ်း နေပါတယ်။

ပူးတွဲထိပ်သီး အစည်းအဝေး ထုတ်ပြန်ချက်ထဲမှာ သုံးနိုင်ငံဟာ ဘုံအကျိုးစီးပွားကိုထိခိုက်စေတဲ့ ဒေသတွင်း စိန်ခေါ်မှုတွေ၊ ကျူးကျော်ရန်စမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ရာမှာ ညှိနှိုင်း ဆောင်ရွက်ဖို့နဲ့  အကျပ်အတည်းတွေအတွင်း အချင်းချင်း အမြန်ဆွေးနွေးတိုင်ပင်ဖို့ ကတိပြုခဲ့ ကြပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) က မကြာသေးမီက လုပ်ခဲ့တဲ့ ဥပဒေမဲ့ ရေကြောင်းဆိုင်ရာ အခိုင်အမာ ပြောဆိုမှုတွေကို ပံ့ပိုးပေးတဲ့ အန္တရာယ်များပြီး ရန်လိုတဲ့ အပြုအမူနဲ့ ပတ်သက်လို့ အင်ဒို-ပစိဖိတ် ရေပြင်မှာ လက်ရှိအနေအထားကို ပြောင်းလဲဖို့ ဘယ်လို တစ်ဖက်သတ် ကြိုးပမ်းမှုတွေကိုမဆို ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်လို့လည်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ “တရုတ်နဲ့ မပတ်သက်ပါဘူး” လို့ ပြောခဲ့ပေမယ့် “တရုတ်အရေးက သိသိသာသာ ထင်ထင်ရှားရှား ပေါ်လာတာလို့ ဘိုင်ဒန်က ပြောပါတယ်။

သုံးနိုင်ငံစလုံးက နှစ်စဉ် စစ်ရေးလေ့ကျင့်ကြဖို့ သဘောတူညီခဲ့ကြပြီး မြောက်ကိုးရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုဆိုင်ရာ အချက်အလက်တွေကို ၂၀၂၃ ခုနှစ်အကုန်မှာ အချိန်နှင့်တပြေးညီ မျှဝေဖို့ကိုလည်း သဘောတူ ခဲ့ကြပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013