DVB Logo
Home
အားကစား
မြန်မာယူ-၂၃အသင်း ကမ္ဘာဒီးယားကို သရေ ကစားနိုင်ခဲ့သော်လည်း အုပ်စုအဆင့်မှ ထွက်ခွာ 
DVB
·
August 20, 2023
မြန်မာယူ-၂၃အသင်း ကမ္ဘာဒီးယားကို သရေ ကစားနိုင်ခဲ့သော်လည်း အုပ်စုအဆင့်မှ ထွက်ခွာ 
Donate to DVB

အာဆီယံယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု ဒုတိယမြောက်ပွဲစဥ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သြဂုတ် ၁၉ ရက်က မြန်မာယူ-၂၃အသင်းနဲ့ ကမ္ဘောဒီးယား ယူ-၂၃ အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ကမ္ဘောဒီးယားအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၃ မိနစ်မှာ ခွန်လေဟာက သွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၈ မိနစ်မှာ ခွန်ကျော်ဇင်ဟိန်းက သွင်းယူခဲ့ပါတယ်။

မြန်မာအသင်းဟာ ဘရူးနိုင်းအသင်းနဲ့ ကစား ဖို့ကျန်ရှိနေပေမဲ့ အုပ်စုနောက်ဆုံးအသင်းနဲ့ ကစားတဲ့ ရလာဒ်ကိုထည့်မတွက်တာကြောင့် မြန်မာအသင်းကအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပါတယ်။

အုပ်စုအတွင်းတခြားပွဲစဥ်ဖြစ်တဲ့ ထိုင်းယူ-၂၃ အသင်း နဲ့ ဘရူနိုင်းယူ-၂၃အသင်းတို့ ပွဲစဥ်မှာ ထိုင်းယူ-၂၃အသင်းက ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။

အုပ်စု က မှာ ထိုင်းအသင်းက ရမှတ် ၆ မှတ်နဲ့အုပ်စုပထမ၊ ကမ္ဘောဒီယာယအသင်းက ရမှတ် ၄ မှတ်နဲ့ အုပ်စုဒုတိယ၊ မြန်မာအသင်းက ရမှတ် ၁ မှတ်နဲ့ အုပ်စုတတိယ၊ ဘရူနိုင်းအသင်းက ရမှတ်မရှိနဲ့ အုပ်စု နောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

အာဆီယံ ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲမှာ အုပ်စု ၃ ခုက ပထမရတဲ့အသင်း ၃ သင်းနဲ့ အကောင်းဆုံးအုပ်စု ဒုတိယ ၁ သင်းသာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်မှာဖြစ်တာကြောင့် မြန်မာ အသင်းဟာ ပွဲစဥ် ၂ ပွဲကစားပြီးချိန်မှာ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် ဘရူနိုင်းယူ-၂၃ အသင်းနဲ့ သြဂုတ် ၂၁ရက်နေ့ ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013