DVB Logo
Home
Lead Story
ကလေးများနဲ့ အဝေးမှုန်ခြင်း
DVB
·
August 20, 2023
ကလေးများနဲ့ အဝေးမှုန်ခြင်း
Donate to DVB

အဝေးမှုန်ခြင်း (myopia) ဟာ အဝေးက အရာဝတ္ထုတွေကို ရှင်းရှင်းလင်းလင်း မမြင်ရနိုင်တဲ့ အလွန်အဖြစ်များတဲ့ မျက်စိအခြေအနေ ဖြစ်ပါတယ်။ မျက်မှန် သို့မဟုတ် မျက်ကပ်မှန်တွေနဲ့ ပြုပြင်လေ့ရှိပါတယ်။

မျက်စိမှုန်ခြင်းရဲ့ လက္ခဏာများ

အများအားဖြင့် အသက် ၆ နှစ်ကနေ ၂၃ နှစ်ကြား ကလေးတွေမှာ အဝေးမှုန်ခြင်းက စတင်ပြီး လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။

မျက်စိမှုန်ခြင်းဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့…

  • ကျောင်းမှာ ကျောက်သင်ပုန်း ဖတ်တာလိုမျိုး အဝေးက စကားလုံးတွေကို ဖတ်ရတာ ခက်တာ။
  • တီဗီ သို့မဟုတ် ကွန်ပြူတာနဲ့ နီးကပ်စွာထိုင်ခြင်း သို့မဟုတ် မျက်နှာနဲ့ လက်ကိုင်ဖုန်း သို့မဟုတ် တက်ဘလက်ကို မျက်နှာနဲ့ နီးကပ်စွာ ကိုင်ထားတာ။
  • ခေါင်းကိုက်တာနဲ့
  • မျက်လုံးကို အများကြီးပွတ်တာတွေ ပါဝင်ပါတယ်။

အဝေးမှုန်တာဟာ မိသားစုတွေမှာ ဖြစ်တတ်တဲ့အတွက် အဝေးမှုန်တဲ့ ဆွေမျိုးတွေလည်း ရှိနိုင်ပြီး အသက် ၂၀ နှစ်ဝန်းကျင်မှာ မျက်လုံးကြီးထွားမှု ရပ်သွားတဲ့အထိ ပိုဆိုးလာနိုင်ပါတယ်။

ကလေးတွေမှာ မျက်စိမှုန်ခြင်းရဲ့ လက္ခဏာတွေ ရှိနေတာ ဒါမှမဟုတ် ကလေးဟာ မျက်စိစမ်းသပ်မှု မပြုလုပ်တာ ၂ နှစ်ရှိပြီဆိုရင်တော့ မျက်စိဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

မျက်စိစမ်းသပ်မှုအတွင်း ဘာတွေဖြစ်မလဲ။

ကလေးမှာ မျက်စိမှုန်ခြင်း ရှိ၊ မရှိ စစ်ဆေးဖို့ မျက်စိစမ်းသပ်မှု ကျွမ်းကျင်တဲ့ မျက်စိအထူးကု ဆရာဝန်‌တွေက အများအားဖြင့် မျက်လုံးစစ်ဆေးမှုကို ပြုလုပ်ပေးပါတယ်။

မျက်လုံးရှေ့မှာ မတူညီတဲ့ မှန်ဘီလူးတွေကို နေရာချထားပြီး အလင်းကိုကြည့်ဖို့ သို့မဟုတ် ဇယားတခုပေါ်ရှိ စာများကိုဖတ်စေပြီး စစ်ဆေးပါလိမ့်မယ်။

မျက်စိအ‌ဝေးမှုန်ခြင်းအတွက် ကုသနည်းများ

မျက်စိအဝေးမှုန်ခြင်းကို မျက်မှန် သို့မဟုတ် မျက်ကပ်မှန်နဲ့ ကုသနိုင်ပါတယ်။ ဒီအရာတွေက မှန်ကန်စွာ အာရုံစူးစိုက်နိုင်ဖို့ ကူညီပေးတာကြောင့် အဝေးက အရာဝတ္ထုတွေကို ပိုမိုရှင်းလင်းစွာ မြင်နိုင်မှာဖြစ်ပါတယ်။

မျက်မှန်တွေကတော့ ကလေးတွေနဲ့ လူကြီးတွေအတွက် သင့်လျော်ပေမဲ့ မျက်ကပ်မှန်တွေဟာ လူကြီးတွေနဲ့ ကလေးတချို့အတွက်သာ သင့်လျော်ပါတယ်။

မျက်စိမှုန်ခြင်းအတွက် အကောင်းဆုံးရွေးချယ်ခွင့်ကို မျက်စိဆရာဝန်က အကြံပေးပါလိမ့်မယ်။

အဝေးမှုန်ခြင်း ဆိုးရွားလာတာကို ဘယ်လိုရပ်တန့်မလဲ။

ဘာကြောင့် အဝေးမှုန်ဖြစ်လာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ကာကွယ်ဖို့ ခက်ခဲပါတယ်။

ဒါပေမဲ့ ပိုဆိုးလာတာကို ရပ်တန့်အောင် ကူညီပေးနိုင်တဲ့ အရာတွေ ရှိပါတယ်။ ဒါတွေကတော့…

  • အပြင်မှာ အချိန်ပိုဖြုန်းခြင်း (အထူးသဖြင့် ကလေးတွေ)
  • bi-focal သို့မဟုတ် multi-focal မျက်ကပ်မှန်များကို ဝတ်ဆင်ပါ။
  • အချို့သော မျက်စိဆရာဝန်တွေက အထူးမှန်ဘီလူးကို ညအိပ် (orthokeratology) ဝတ်ဆင်ဖို့ အကြံပေးကြပါတယ်။

အဝေးမှုန်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

ကုသမှုမခံယူရသေးတဲ့ ကလေးငယ်တွေဟာ အဝေးမှုန်ခြင်းလို တခြားအခြေအနေ‌ ဖြစ်နိုင်ချေ ပိုများပါတယ်။

မျက်စိစွေခြင်း - (မျက်လုံး‌တွေက မတူညီတဲ့ ဦးတည်ရာကို ညွှန်ပြခြင်း)၊

ပျင်းရိသော မျက်လုံး - မျက်လုံးတလုံးမှာ အမြင်အာရုံ ကောင်းမွန်စွာ မဖွံ့ဖြိုးခြင်း၊

ပြင်းထန်တဲ့ အဝေးမှုန်ခြင်းကိုတော့ အရွယ်ရောက်ပြီးသူတချို့မှာ ဖြစ်နိုင်ချေ ပိုများပါတယ်၊

Glaucoma - မျက်လုံးအတွင်းပိုင်း ဖိအားများလာခြင်း၊

Detached retina - မျက်လုံးနောက်ဘက်ရှိ အလွှာပါးလွှာ (retina) လျော့ရဲလာခြင်း၊ အမြင်အာရုံ ဆုံးရှုံးခြင်းက ကာကွယ်ဖို့ အရေးပေါ်ကုသမှု လိုအပ်ပါတယ်၊

အတွင်းတိမ် - မျက်လုံးမှန်ဘီလူးအတွင်းမှာ တိမ်ထူထပ်တဲ့အကွက်များ၊

အပြင်မှာ အချိန်ပိုဖြုန်းတာက ကလေးတွေရဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုကို တားဆီးပေးနိုင်ကြောင်း လေ့လာမှုတခုက တွေ့ရှိခဲ့ပါတယ်။

Global Myopia Awareness Coalition (GMAC) မှ သုတေသနအသစ်ဟာ ကလေးငယ်တွေ အပြင်ထွက်ချိန် ကျဆင်းလာတာဟာ သူတို့ရဲ့ မျက်လုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ထုတ်ဖော်ပြသခဲ့ပါတယ်။

လေ့လာမှုအရ တနေ့ကို အပြင်မှာ ၇၆ မိနစ် ဆော့ကစားတာက အမြင်မကြည်ခြင်း (myopia) ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

မိဘတွေရဲ့ ထက်ဝက်ကျော်ဟာ သူတို့ကလေးတွေက သူတို့ငယ်ရွယ်စဉ်က‌လောက် အိမ်ပြင်ထွက် မကစားကြဝောာ့ဘူးလို့ဆိုပြီး လေးပုံသုံးပုံကျော်က မိသားစုနဲ့အတူ ကြီးကျယ်တဲ့ အပြင်ဘက်မှာ အချိန်ပိုရလိုတယ်လို့ မိဘတွေက ဆိုပါတယ်။

ဒါပေမဲ့ ကလေးတွေဟာ အီလက်ထရွန်းနစ်ပစ္စည်းတွေပေါ်မှာ အချိန်ဖြုန်းတာကို နှစ်သက်တာကြောင့် သို့မဟုတ် မိဘတွေက အချိန်မလုံလောက်တာကြောင့် မတတ်နိုင်ဘူးလို့ ခံစားနေရပါတယ်။

လေ့လာမှုအရ မိဘတွေရဲ့ လေးပုံတပုံနီးပါးဟာ သူတို့ရဲ့ သားသမီးတွေကို မျက်စိစမ်းသပ်မှု ပြုလုပ်ဖို့ တခါမှ မတွေးဘူးကြောင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။

“ကျမက အဝေးမှုန်တယောက်ဖြစ်ပြီး ကလေးတွေရဲ့ မိခင်ဖြစ်လို့ အဝေးမှုန်တာအတွက် သတိထားဖို့က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် အဝေးမှုန်တာ ဖြစ်နိုင်တဲ့ လက္ခဏာတွေကို အမြဲတမ်း သတိထားစောင့်ကြည့်နေပါတယ်” လို့ Girls Aloud ကြယ်ပွင့် ကင်မ်ဘာလီဝဲလ်ရှ်က ပြောပါတယ်။

“အားလပ်ရက်တွေမှာ ကယောင်ကတမ်း အလုပ်တွေနဲ့ မိသားစုဘဝကို ခက်ခဲစေတဲ့အပြင် ကလေးတွေအတွက် ဖန်သားပြင်တွေနဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ တနေကုန်ဖြုန်းဖို့က အရမ်းလွယ်ကူပါတယ်။ ကျမက မျက်စိမှုန်တဲ့အတွက် ကလေးတွေရဲ့ အဝေးမှုန်တာ အန္တရာယ်က ၃ ဒသမ ၅ ဆ ပိုများတယ်ဆိုတာကို မသိလိုက်မိပါဘူး။ ကလေးတွေက ဖန်သားပြင်ပေါ်မှာ ၇ နာရီ သို့မဟုတ် အဲ့ထက်ပို အချိန်ဖြုန်းကြပြီး မိဘတဦး သို့မဟုတ် တဦးထက်ပိုပြီး မျက်စိမှုန်မယ်ဆို ကလေးမှာလည်း ဖြစ်နိုင်ခြေ သိသိသာသာ တက်လာပါတယ်။”

Global Myopia Awareness Coalition's Sight Sanctuary ကမ်ပိန်းကို ထောက်ခံပြီး မိသားစုတွေကို တနေ့ကို အနည်းဆုံး နှစ်နာရီလောက် အပြင်ထွက်ပြီး မျက်လုံးကို အနားယူဖို့လည်း ကင်မ်ဘာလီဝဲလ်ရှ်က တိုက်တွန်းပါတယ်။

GMAC နဲ့ လက်တွဲဆောင်ရွက်နေတဲ့ မျက်စိပညာရှင် ဟမ်ဇာမူဆာက “အဝေးမှုန်တာဟာ မျက်စိမှုန်တာအတွက် နောက်ထပ်အသုံးအနှုန်းဖြစ်ပြီး ကလေးတွေမှာ အဖြစ်များနေပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတခု ဖြစ်လာတာကြောင့် ပုံမှန်မျက်စိစစ်ဆေးမှု (အမြင်စစ်ရုံသာမက) အထူးသဖြင့် ငယ်ရွယ်စဉ်ကတည်းက မျက်စိအထူးကုဆရာဝန်နဲ့ ပြသဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။

“ဒါဟာ နောက်ပြန်မဆုတ်နိုင်တဲ့ ရောဂါတခုဖြစ်ပြီး ကလေးတယောက်ရဲ့ အစွမ်းကုန် လုပ်ဆောင်နိုင်စွမ်းနဲ့ သူတို့ရဲ့ အလားအလာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အတားအဆီးတခု ဖြစ်နိုင်တာကြောင့် ကလေးတွေကို နှစ်စဉ် မျက်လုံးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အရေးကြီးပါတယ်” လို့ တိုက်တွန်းထားပါတယ်။

လီလီ

Ref: NHS/ Short-sightedness (myopia)

Sky News/ Spending more time outside can help prevent children developing short-sightedness, a study has found.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013