DVB Logo
Home
အားကစား
ဓနသဟာယအားကစားပြိုင်ပွဲ၏အိမ်ရှင်အဖြစ်မှ နုတ်ထွက်ခဲ့သည့်  သြစတြေးလျနိုင်ငံက ဒေါ်လာ ၂၄၃ သန်း ပေးရမည်
DVB
·
August 20, 2023
ဓနသဟာယအားကစားပြိုင်ပွဲ၏အိမ်ရှင်အဖြစ်မှ နုတ်ထွက်ခဲ့သည့်  သြစတြေးလျနိုင်ငံက ဒေါ်လာ ၂၄၃ သန်း ပေးရမည်
Donate to DVB

၂၀၂၆ ခုနှစ် ဓနသဟာယ အားကစားပြိုင်ပွဲရဲ့  အိမ်ရှင်အဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ သြစတြေးလျနိုင်ငံဟာ ပွဲစီစဉ်သူတွေကို ဒေါ်လာ ၂၄၃ သန်းအထိ ပေးဆောင်ရတော့မှာ ဖြစ်တယ်လို့ သြဂုတ် ၁၉ ရက်မှာ အစိုးရအဖွဲ့ဝန်ကြီးဖြစ်သူ ဒန်နီရယ် အန်ဒရူးစ်က အတည်ပြုပါတယ်။ 

ဒါဟာ ဒီပြိုင်ပွဲအတွက် ခန့်မှန်းထားတဲ့ ကုန်ကျစရိတ်က အဆမတန် မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

၄ နှစ်တစ်ကြိမ်ကျင်းပတဲ့ ဒီပြိုင်ပွဲကို သြစတြေးလျရဲ့  အချက်အချာကျတဲ့ ဒေသတွင်းနေရာ ၄ ခုမှာ ကျင်းပသွားဖို့ စီစဉ်ထားပေမယ့်လည်း အိမ်ရှင်အဖြစ်ကနေ ပြီးခဲ့တဲ့ဇူလိုင်လမှာ နုတ်ထွက်ခဲ့ပါတယ်။

အားကစားနည်းမျိုးစုံ ပါဝင်မယ့် ဒီပြိုင်ပွဲရဲ့  ကုန်ကျစရိတ်ဟာ သတ်မှတ်ထားတဲ့ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ဘတ်ဂျက်ကနေ ဒေါ်လာ ၄ ဒသမ ၄၈ ဘီလီယံအထိ မြင့်တက်လာနိုင်တယ် ဆိုပြီး အန်ဒရူးစ်က မှတ်ချက်ပေးပါတယ်။ 

ဒီဆုံးဖြတ်ချက်ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီအားကစားပြိုင်ပွဲကို ဖျက်သိမ်းရနိုင်တဲ့ အလားအလာအပေါ် ပိုမို တွန်းအားဖြစ်စေပါတယ်။ 

ဒါ့အပြင် ၂၀၃၀ ပြည့်နှစ် ဓနသဟာယပြိုင်ပွဲအတွက် အကူအညီပေးမယ့် ကမ်းလှမ်းမှုမှာလည်း ကနေဒါနိုင်ငံရဲ့ အယ်လ်ဘာတာပြည်နယ်က နုတ်ထွက်ခဲ့ပြန်ပါတယ်။ 

ဒါကြောင့် ကာလရှည်ကြာကျင်းပလာခဲ့တဲ့ ဒီပြိုင်ပွဲအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013