DVB Logo
Home
အားကစား
အင်္ဂလန်အသင်းအတွက် အမျိုးသမီးနည်းပြတာဝန်ပေးရန် စဉ်းစားမည်ဟု အက်ဖ်အေပြော
DVB
·
August 18, 2023
အင်္ဂလန်အသင်းအတွက် အမျိုးသမီးနည်းပြတာဝန်ပေးရန် စဉ်းစားမည်ဟု အက်ဖ်အေပြော
Donate to DVB

အင်္ဂလန်အမျိုးသားလက်ရွေးစင်အသင်းအတွက် အမျိုးသမီးနည်းပြချုပ်တစ်ဦးကို တာဝန်ပေးဖို့ စဉ်းစားမယ်လို့ အက်ဖ်အေစီအီးအို ဘူလင်ဂမ်က ပြောသွားပါတယ်။

လက်ရှိအချိန်မှာ အင်္ဂလန်အသင်းကို ဂယ်ရီဆောက်ဂိတ်က နည်းပြချုပ်အဖြစ်တာဝန်ယူနေပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

အဲဒီနောက်ပိုင်းမှာ အင်္ဂလန်အမျိုးသားအသင်းနည်းပြချုပ်ရာထူးအတွက် အမျိုးသမီးနည်းပြကို တာဝန်ပေးဖို့ စဉ်စားမှာဖြစ်ကြောင်း၊ အမျိုးသားနည်းပြဖြစ်စေ၊ အမျိုးသမီးနည်းပြဖြစ်စေ အသင်းအောင်မြင်မူရရှိအောင်စွမ်းဆောင်နိုင်ဖို့ကအရေးကြီးဆုံးဖြစ်ကြောင်း အက်ဖ်အေစီအီးအို ဘူလင်ဂမ်ကဆိုပါတယ်။

သတင်းတွေအရတော့ အင်္ဂလန်အသင်းဟာ အမျိုးသမီး အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိပို့ဆောင်ပေးခဲ့တဲ့ နည်းပြဝက်ခ်မန်းကို အမျိုးသားအသင်းနည်းပြ အဖြစ်တာဝန်ပေးနိုင်တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013