DVB Logo
Home
နိုင်ငံတကာ
စင်ကာပူတွင် ငွေကြေးခဝါချမှုဖြင့် နိုင်ငံခြားသား ၁၀ ဦးကို တရားစွဲ
DVB
·
August 17, 2023
စင်ကာပူတွင် ငွေကြေးခဝါချမှုဖြင့် နိုင်ငံခြားသား ၁၀ ဦးကို တရားစွဲ
Donate to DVB

စင်ကာပူ အာဏာပိုင်တွေဟာ ငွေကြေးခဝါချမှုနဲ့ အတုအပပြုလုပ်မှု စွဲချက်တွေနဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင်  နိုင်ငံခြားသား ၁၀ ဦးကို သြဂုတ် ၁၆ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။

အဲဒီနိုင်ငံခြားသားတွေဟာ အသက် ၃၁ နှစ်မှ ၄၄ နှစ်အရွယ်တွေ ရှိကြပြီး တရုတ်၊ တူရကီ၊ ဆိုက်ပရပ်စ်၊ ကမ္ဘောဒီးယားနဲ့ နီး-ဗနွာတူ သမုဒ္ဒရာကျွန်းနိုင်ငံတို့က နိုင်ငံသားတွေ ဖြစ်ကြကြောင်း စင်ကာပူရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီအမှုဟာ စင်ကာပူဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိ ငွေကြေး၊ ပိုင်ဆိုင်မှု၊ ဇိမ်ခံကားတွေနဲ့ တခြားပိုင်ဆိုင်မှုတွေ ပါဝင်ပတ်သက်နေတဲ့ အမှုလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ သြဂုတ် ၁၅ ရက်က ကျွန်းနိုင်ငံတဝန်း တပြိုင်နက် ဝင်ရောက်စီးနင်းချိန်မှာ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ပြီး နေအိမ်ခြံမြေ ပိုင်ဆိုင်မှု ၉၄ ခုနဲ့ ယာဉ်အစီးရေ ၅၀ ကို တားမြစ်မိန့် ထုတ်ပြန်ခဲ့ရာမှာ စုစုပေါင်း ခန့်မှန်းတန်ဖိုး စင်ကာပူဒေါ်လာ ၈၁၅ သန်း (ဒေါ်လာ ၅၉၉ သန်း) ကျော် ရှိပါတယ်။

သီးခြားထုတ်ပြန်ချက်တခုမှာ စင်ကာပူဗဟိုဘဏ်ဟာ မသန့်ရှင်းတဲ့ရန်ပုံငွေ ဖြစ်နိုင်ခြေ အလားအလာတွေကို ရှာဖွေဖော်ထုတ်တဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းများ (FIs) နဲ့ အဆက်အသွယ် ရှိထားကြောင်း ဖော်ပြထားပါတယ်။

အဲဒီငွေကြေးအဖွဲ့အစည်းတွေနဲ့ ကြီးကြပ်ရေး ဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013