DVB Logo
Home
မြန်မာသတင်း
လက်ခတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ဦးအပါအဝင် အကျအဆုံး များပြား
DVB
·
August 16, 2023
လက်ခတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ဦးအပါအဝင် အကျအဆုံး များပြား
Donate to DVB

မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ခြေမှာ ဩဂုတ် ၁၅ ရက် မနက် ၂ နာရီလောက်က ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအပါအဝင် ၁၅ ဦးသေကာ ဒုတပ်ရင်းမှူးအပါအဝင် ၂၀ ကျော်ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူးက ပြောပါတယ်။

စစ်ကောင်စီက တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ဩဂုတ် ၁၅ ရက်နေ့က လက်နက်ကြီးနေ့ည ပစ်ခတ်တဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ တောင်ခြေအနီးကို ထိုးစစ်ဆင်ချဉ်းကပ်လာခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာပူးပေါင်းစစ်ကြောင်းနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

ရင်ဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦးသေကာ ဒုတပ်ရင်းမှူး ၁ ဦး (ဒဏ်ရာပြင်းထန်) အပါအဝင် ၂၀ ကျော်ဒဏ်ရာရရှိပြီး ကော်ဘရာပူးပေါင်းစစ်ကြောင်းဘက်က ရဲဘော် ၂ ဦးကျဆုံးပြီး ၅ ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက “သူတို့တက်လာတယ်။ ကျနော်တို့က တွေ့နေရတာကို မပစ်ဘဲ အနားထိရောက်အောင် ပေးတက်လာတော့ ထိပ်တိုက်ဖြစ်သွားတယ်။ တအားကပ်သွားတော့ တယောက်နဲ့တယောက် အနီးကပ်ပစ်ရတဲ့ အနေအထားမှာ သူတို့ဘက်က အင်အားတအားများတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် ဩဂုတ် ၁၆ ရက် မနက်က တိုက်ပွဲဖြစ်ပွားရာအနီးတဝိုက်ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေနဲ့ လက်နက်ခဲယမ်းတွေကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်း ရဲဘော်တွေဆီက သိရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013