DVB Logo
Home
မြန်မာသတင်း
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး မြန်မာသတင်းသမားများကို အစ္စရေးသံအမတ် ရှင်းလင်း
DVB
·
July 25, 2014
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး မြန်မာသတင်းသမားများကို အစ္စရေးသံအမတ် ရှင်းလင်း
Donate to DVB

အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေး စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီးက မြန်မာသတင်းသမားတွေကို သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ခေါ်ယူ ရှင်းလင်းပြောကြားခဲ့ ပါတယ်။

[caption id="attachment_61022" align="alignright" width="300"]ဓာတ်ပုံ - embassies.gov.il ဓာတ်ပုံ - embassies.gov.il[/caption]ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တွေကို ထိုးစစ်ဆင်နေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးကြောင့် လူရာပေါင်းများစွာ ထိခိုက်သေဆုံးသွားခဲ့ပြီး နိုင်ငံတကာ မီဒီယာတွေက အစ္စရေးကို ဝေဖန်နေတဲ့ အချိန်မှာ မြန်မာသတင်းထောက်တွေကို အစ္စရေးသံအမတ်ကြီး ဟာဂေးမိုရှီဘီဟာက ခေါ်ယူတွေ့ဆုံခဲ့တာပါ။

မြန်မာပြည်က သတင်းထောက်တွေက အစ္စရေးကနေ တိုက်ရိုက် သတင်းမပေးပို့ပေမယ့်လည်း သတင်းစာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေက နိုင်ငံတကာ သတင်းဌာနတွေက ဖြစ်တဲ့အတွက် နောက်ဆုံး ဖြစ်ထွန်းတိုးတက်မှုတွေကို ရှင်းပြဖို့ ဇူလိုင် ၂၂ ရက်နေ့က တွေ့ဆုံတာလို့ အစ္စရေး သံရုံးရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံသားတွေကို ဒုံးကျည်တွေနဲ့ခြိမ်းခြောက်တာ၊ နယ်စပ်ကို ဖြတ်ကျော်ဖို့ ရည်ရွယ်တဲ့ ဥမင်လိုဏ်ခေါင်းတွေနဲ့ အပြစ်ကင်းတဲ့ အရပ်သားတွေဆီကို ရောက်ရှိမယ့် အခြေအနေကို လက်မခံနိုင်တဲ့ အကြောင်း သူက ရှင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လူတွေ ထိခိုက်သေဆုံးမှု ကိန်းဂဏန်းတွေအပေါ် မူတည်ပြီး ဒီပဋိပက္ခကို သုံးသပ်မယ်ဆိုရင် သတင်းတွေက အကြီးဆုံးအမှား ဖြစ်သွားနိုင်တယ်လို့ သံအမတ် ဟေဂေးမိုရှီဘီဟာက မြန်မာသတင်းသမားတွေကို သတိပေးပြောကြားခဲ့ပါတယ်။

မြန်မာဂျာနယ်လစ် ကွန်ယက်က ဦးမြင့်ကျော်ကတော့ ပြည်တွင်း သတင်းစာ ဂျာနယ်တွေမှာ နိုင်ငံတကာ သတင်းတွေကို ရေးသားနေတာဟာ သတင်းထောက်တွေထက် ဘာသာပြန်တဲ့ သူတွေ နိုင်ငံတကာသတင်းကို ကိုယ်ပိုင်အတွေးအမြင်ထည့်ပြီး အတွေး အမြင်ရေးတဲ့သူတွေ ဖြစ်တဲ့အတွက် သတင်းထောက်တွေကို ဒီကိစ္စခေါ်ယူ ရှင်းလင်းတာဟာ လွဲမှားနေတယ်လို့ ပြောပါတယ်။

“သူပြောတာ နည်းနည်းတော့ လွဲနေပုံရတယ်။ ကျနော်တို့ သတင်းထောက်တွေက ပြည်တွင်းမှာလိုက်တယ်။ ပြည်တွင်းက သတင်းထောက်တွေ တယောက်မှလည်း အစ္စရေးမှာ၊ ဂါဇာမှာလည်း သွားမလိုက်ကြပါဘူး။ ပြောချင်တဲ့လူရဲ့ ရည်မှန်းချက်က လွဲနေတယ်။”

ဇူလိုင် ၈ ရက်က စခဲ့တဲ့ အစ္စရေး ဟားမတ်စ်ပဋိက္ခစစ်ပွဲတွေအတွင်း နှစ်ဖက် တိုက်ခိုက်မှုတွေကြောင့် ဒီနေ့အထိ ပါလက်စတိုင်းဘက်က အရပ်သားအများစုအပါအ၀င် လူပေါင်း ၈၀၀ ကျော်နဲ့ အစ္စရေးဘက်က ၃၀ ကျော် သေဆုံးသွားခဲ့ရပြီး လူပေါင်း ၁ သိန်းနီးပါး ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013