
ရိုက်တာသတင်းထောက် အဒ်ဒရီယာနို မာချာဒိုဟာ ဇန်နဝါရီလတုန်းက ဘရာဇီးနိုင်ငံ မြို့တော် ဘရပ်စီးလီးယားမှာ အဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုမလုပ်မီ သြဂုတ် ၁၅ ရက်က သက်သေထွက်ဆိုခဲ့ပါတယ်။
မာချာဒိုရဲ့ သတင်းဓာတ်ပုံဟာ သမ္မတနန်းတော်အတွင်း ဖျက်ဆီးနေပုံတွေကို ရိုက်ကူးထားတာဖြစ်လို့ စုံစမ်းစစ်ဆေးရာမှာ သက်သေအဖြစ် ဆင့်ခေါ်ခံရတာပါ။
အောက်တိုဘာလ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကနေ လွှတ်တော်၊ တရားရုံးချုပ်နဲ့ သမ္မတရုံးတို့ကို ဝရုန်းသုန်းကား စီးနင်းတဲ့အဆင့်ရောက်အောင် ပြောင်းလဲသွားတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပထမဆုံး မှတ်တမ်းတခုကို မာချာဒိုက ပေးခဲ့ပါတယ်။
သမ္မတဟောင်း ဘော်စိုနာရိုကို ထောက်ခံသူ ရာပေါင်းများစွာဟာ ဇန်နဝါရီ ၈ ရက် အဓိကရုဏ်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
ပြိုင်ဘက်သမ္မတ လူးဝစ်အင်နာစီရို လူလာဒါဆေးလ်ဗာ ကျမ်းသစ္စာကျိန်ဆိုပြီး တပတ်အကြာမှာ ခုလို ဖမ်းဆီးခံရတာပါ။
ဘရာဇီးအောက်လွှတ်တော်က ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင် ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံးမှာ ရေးထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်မှာပါ။
အစိုးရရှေ့နေတွေက ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ဖို့ အကြံပြုနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
Source - Reuters