DVB Logo
Home
မြန်မာသတင်း
မြန်မာငွေတန်ဖိုး ကျပ် ၁ သိန်းကို ထိုင်းဘတ် ၁,၀၀၀ အောက်အထိ ဆက်လက်ကျဆင်း 
DVB
·
August 16, 2023
မြန်မာငွေတန်ဖိုး ကျပ် ၁ သိန်းကို ထိုင်းဘတ် ၁,၀၀၀ အောက်အထိ ဆက်လက်ကျဆင်း 
Donate to DVB

စစ်တပ်က အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်း မြန်မာငွေတန်ဖိုး အဆမတန် ကျဆင်းနေပြီး ဩဂုတ် ၁၅ ရက် နေ့လယ်ပိုင်းမှာ မြန်မာငွေ ကျပ် ၁ သိန်းကို ထိုင်းဘတ်ငွေ ၁,၀၀၀ အောက်အထိ ရောက်နေပြီလို့ ထိုင်း-မြန်မာ ငွေလွှဲလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

မြဝတီမှာ ငွေလွှဲလုပ်ကိုင်နေသူတဦးက “မနေ့က ၁၁ နာရီလောက်ကစပြီး မြန်မာငွေ ၁ သိန်းကို ဘတ် ၉၉၀ အထိ ဖြစ်သွားတယ်။ ညနေပိုင်းကျတော့ နည်းနည်းပြန်တက်လာတယ်။ ရွှေဈေးဖွင့်တဲ့အချိန် ဘတ်ဈေးအတက်အကျရှိတာဆိုတော့ ရွှေဈေးနဲ့လည်း ဆိုင်ပါတယ်။ ပြီးတော့ ခေါင်းကြီးပိုင်းတွေက ငွေဈေးကို ကစားနေတာလို့ ပြောရမယ်။ မြန်မာနိုင်ငံမှာ အခုလောက်အထိ ငွေစျေး တန်ဖိုးကျဆင်းစရာ ဘာကြောင်းမှ မရှိပါဘူး။ အစိုးရပိုင်းကသာ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရင် ငွေဈေးငြိမ်သွားမှာပါ” လို့ ပြောပါတယ်။

အခုလို ငွေဈေး အဆမတန် ကျဆင်းမှုကြောင့် ငွေလွှဲလုပ်ကိုင်သူတွေနဲ့ အခြေခံလူတန်းစား အတွက်လည်း အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ ဘတ်မကိုင်ထားရဲဘူး။ ဘဏ်အကောင့်ထဲမှာ ထည့်ထားဖို့လည်း အခက်အခဲတွေရှိတယ်။ ဘတ် ၁,၀၀၀ နဲ့ ဝယ်ထားပြီး ပြန်ရောင်းတဲ့အခါ ဈေးက တမျိုးဖြစ်နေတော့ နစ်နာတာပေါ့နော်။ အခြေခံလူတန်းစားတွေအတွက်ဆို ပိုဆိုးတာပေါ့။ တပိုင်တနိုင် ကုန်ထုတ်တဲ့လူတွေလည်း ငွေဈေးကြောင့် ရပ်နားလိုက်ရတယ်။ အရောင်းအဝယ်တွေ ရပ်ကုန်တယ်။ ငွေစျေးကသာ ကျတာပါ၊ ကုန်ဈေးနှုန်းက ၂ ဆ ၃ ဆ တက်နေပြီး လုပ်အားခတွေ မတိုးတော့ လူတွေ ဒုက္ခပိုရောက်ကြတာပေါ့။ ကြာလာရင် ဒုစရိုက်မှုတွေ ပိုတိုးလာနိုင်တယ်။”

ဩဂုတ် ၁၆ ရက် မွန်းလွဲ ၂ နာရီအထိ မြန်မာငွေ ၁ သိန်းကို ဘတ် ၉၇၀ ပေါက်ဈေးရှိနေပြီး ဒီတခေါက် ငွေဈေးကျဆင်းမှုဟာ အချိန်ကာလ ပိုကြာနိုင်တယ်လို့ မြဝတီမှ ထိုင်း-မြန်မာ ငွေလွှဲလုပ်ကိုင်နေသူက ခန့်မှန်းပါတယ်။

“မနှစ်ကလည်း ဒီအချိန်လောက်ပဲ ဘတ် ၁,၀၀၀ အောက်အထိ ကျသေးတယ်။ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ လုပ်တုန်းကပေါ့။ အဲ့တုန်းက ၁ ရက် ၂ ရက်ပဲကြာတာ။ ပြီးတော့ ဘတ် ၁,၀၀၀ ကျော် ပြန်ဖြစ်သွားတယ်။ ဒီတခါတော့ အကြီးပိုင်းတွေက ငွေဈေးကစားနေလို့ ငွေဈေးကျဆင်းမှု ပိုကြာလောက်တယ်။”

မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁,၀၀၀ အောက် ကျဆင်းလာတာကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ကုန်ပစ္စည်းတွေ တင်သွင်းရောင်းချနေကြတဲ့ တပိုင်တနိုင် လုပ်ငန်းရှင်တွေ ကုန်ပစ္စည်းတင်သွင်းမှု ရပ်နားထားရတယ်လို့ ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းတွေ တင်သွင်းရောင်းချနေသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013