DVB Logo
Home
Lead Story
ဘန်ကောက်အဲဝေး ချင်းမိုင်-ရန်ကုန်-မန္တလေး စတင်ပျံသန်းမည်
DVB
·
July 25, 2014
ဘန်ကောက်အဲဝေး ချင်းမိုင်-ရန်ကုန်-မန္တလေး စတင်ပျံသန်းမည်
Donate to DVB

ထိုင်းနိုင်ငံက ဘန်ကောက်အဲဝေး လေကြောင်းလိုင်းဟာ ချင်းမိုင်-ရန်ကုန်၊ ချင်းမိုင်- မန္တလေးကို အောက်တိုဘာ လကုန်ပိုင်းလောက်ကနေ စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။

Airbus319_Sukhothai-665x394ခရီးတိုပြေးဆွဲရာမှာ သင့်တော်တဲ့ထိုင်ခုံ ၇၀ ပါ ATR-72 လေယာဉ်အမျိုးအစားတွေ အသုံးပြုသွားမှာ ဖြစ်ပြီး ဈေးကွက်တောင်းဆိုမှုပေါ် မူတည်ပြီး AirBus -320 အမျိုးအစားတွေကို တိုးချဲ့ အသုံးပြုသွားနိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။

ရန်ကုန်ကနေ ချင်းမိုင်ကို တပတ် ၄ ကြိမ် ပြေးဆွဲမှာ ဖြစ်သလို ချင်းမိုင်မန္တလေးကို တပတ် ၃ ကြိမ် ပြေးဆွဲမှာလည်း ဖြစ်ပါတယ်။

ဘန်ကောက်အဲဝေးဟာ ထိုင်းကနေ မြန်မာကို အများဆုံး ပြေးဆွဲတဲ့ လေကြောင်းလိုင်းလည်း ဖြစ်ပါတယ်။ ရန်ကုန်မန္တလေး ခရီးစဉ်က မြန်မာပြည်ကို အခြေချမယ့် လေကြောင်းလိုင်းအတွက် ပိုမိုအားကောင်းစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းလိုင်းဟာ ဘန်ကောက် သုဝဏ္ဏဘုမ္မိ လေဆိပ်ကနေ ရန်ကုန်ကို တပတ် ၄ ကြိမ် နေပြည်တော်ကို တပတ် ၅ ကြိမ်နဲ့ မန္တလေးကို နေ့စဉ် ပြေးဆွဲနေ ပါတယ်။

လက်ရှိ အဲပုဂံက ချင်းမိုင်-ရန်ကုန်ကို တပတ် ၂ ကြိမ် တိုက်ရိုက်ပြေးဆွဲလျက်ရှိပြီး လာမယ့် ကာလတွေမှာ အဲကမ္ဘောဇကလည်း ပြေးဆွဲဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013