DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်တွင် ဖမ်းမိသည့်  ရိုဟင်ဂျာ ၁၀၀ ကျော်ကို ကျိုက်မရောအကျဥ်းထောင်ပို့  
DVB
·
August 16, 2023
သံဖြူဇရပ်တွင် ဖမ်းမိသည့်  ရိုဟင်ဂျာ ၁၀၀ ကျော်ကို ကျိုက်မရောအကျဥ်းထောင်ပို့  
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာမှာ သြဂုတ် ၁၁ ရက်က ဖမ်းမိတဲ့ ရိုဟင်ဂျာ ၁၄၅ ယောက်ထဲက  ၁၃၅ ယောက်ကို ကျိုက်မရောအကျဥ်းထောင်ကိုပို့ကာ ၁၀ နှစ်အောက် ကလေးငယ်တွေကိုတော့  စာသင်ကျောင်းကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဝဲခမီကျေးရွာနယ်မြေ စစ်ဆေးရေးဂိတ်က သြဂုတ် ၁၁ ရက် မနက် ၇ နာရီခွဲက မြေသယ်ယာဥ် သုံးစီးပေါ်မှ ရိုဟင်ဂျာ အမျိုးသား ၁၂၇ ယောက်၊ အမျိုးသမီး ၁၈ ဖမ်းမိခဲ့ရာ အမျိုးသား ၁၂၃ ယောက်နဲ့ အမျိုးသမီး ၁၇ ယောက်တို့ကို ကျိုက်မရောအကျဥ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အသက်ပြည့်ပြီးတဲ့သူတွေကို လ.ဝ.က အက်ဥပဒေနဲ့ မြို့နယ်တရားရုံးမှာ အမှုဖွင့်ပြီး ကျိုက်မရောထောင်ကို ပို့လိုက်တယ်။ ကလေးငါးယောက်ကို စာသင်ကျောင်းကို ပို့လိုက်တယ်။”

အသက် ၁၀ နှစ်အောက် ရိုဟင်ဂျာအမျိုးသား ၄ ယောက်နဲ့ အမျိုးသမီးတယောက်ကို လ.ဝ.က ဦးစီးဌာနက မော်လမြိုင်မြို့နယ် ကွမ်းခြံကုန်းရပ်ကွက်ရှိ ‘ဇာမေအာ ဇမီရီရာကာစီလွန်းအိုလွန်’ စာသင်ကျောင်းကို ပို့ဆောင်ခဲ့တယ်လို့ လ.ဝ.က ဦးစီးဌာနနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လက်တလော ဖမ်းမိတဲ့ အသက်ပြည့်ပြီးသူ ရိုဟင်ဂျာ အမျိုးသား ၁၂၇ ယောက်နဲ့ အမျိုးသမီး ၁၈ ယောက်ကို ကျိုက်မရောမြို့နယ်တရားရုံးမှာ လ.ဝ.က အက်ဥပဒေနဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၃ မတ်လ  ၂၄ ရက်က သံဖြူဇရပ်မြို့နယ် ဝင်းစိန်ကျေးရွာ အပါအဝင် မြို့ပေါ်ရပ်ကွက်အချို့မှာ ရိုဟင်ဂျာအမျိုးသားအမျိုးသမီး ၁၅၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013