DVB Logo
Home
နိုင်ငံတကာ
ဂျပန်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၉၀၀ နီးပါး ဖျက်သိမ်း
DVB
·
August 15, 2023
ဂျပန်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၉၀၀ နီးပါး ဖျက်သိမ်း
Donate to DVB

ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်းကိုဝင်လာတဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံရှိ လေကြောင်းခရီးစဉ် ၉၀၀ နီးပါးကို ဖျက်သိမ်းခဲ့ပြီး လူ ၂၄၀,၀၀၀ ကို ဘေးကင်းရာ ပြောင်းရွှေ့ကြဖို့ အမိန့်ထုတ်ခဲ့ရကာ သောင်းနဲ့ချီတဲ့ နေအိမ်တွေကိုလည်း လျှပ်စစ်မီး ဖြတ်တောက်ခံခဲ့ရပါတယ်။

ပစိဖိတ်သမုဒ္ဒရာက ချဉ်းကပ်လာတဲ့ တိုင်ဖွန်း လန် ဟာ တိုကျိုမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာ ဝါကာယာမာ စီရင်စုရဲ့ တောင်ဘက်စွန်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံအနောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့တာပါ။

အာဏာပိုင်တွေက ရေကြီးမှုနဲ့ မြေပြိုမှု သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး လေဆင်နှာမောင်းတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။

မီးသတ်နဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီကနေ ခိုလှုံဖို့နေရာနဲ့ ဂေဟာတွေ တောင်းခံခဲ့တဲ့ စီရင်စု ၁၁ ခုရှိ နေထိုင်သူတွေအတွက် ဘေးကင်းတဲ့ အဆောက်အအုံတွေနဲ့ ကုန်းမြင့်တွေမှာ ကယ်ဆယ်ရေးစခန်းတွေ ထားရှိကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

လေယာဉ်ခရီးစဉ်တွေ ပြတ်တောက်တာအပြင် အန္တရာယ်များတဲ့ မိုးနဲ့ လေပြင်းတွေကြောင့် လမ်းတချို့ပိတ်ခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ ရထားပြေးဆွဲမှုပေါင်းများစွာကို ရပ်ဆိုင်းခဲ့ရပါတယ်။

အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ အိမ်ထောင်စု ၉၀,၀၀၀ နီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွေက ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်း လန် ဟာ လေတိုက်နှုန်း တနာရီကို ၁၅၀ ကီလိုမီတာ (၉၃ မိုင်) နှုန်းရှိပြီး ဟွန်ရှူးကျွန်းမကြီးရဲ့ အနောက်မြောက်ဘက်ကို တနာရီ ၁၅ ကီလိုမီတာ (၉ မိုင်) နှုန်းနဲ့  ရွေ့လျားခဲ့ပါတယ်။

တိုင်ဖွန်း လန် ဟာ သြဂုတ် ၁၆ ရက် အစောပိုင်းမှာ ဂျပန်နိုင်ငံ ပင်လယ်ပြင်ကို ရောက်ရှိပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013