DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်တွင် တရုတ်နိုင်ငံသားများ တင်လာသည့်ယာဉ်တန်း တိုက်ခိုက်ခံရ
DVB
·
August 15, 2023
ပါကစ္စတန်တွင် တရုတ်နိုင်ငံသားများ တင်လာသည့်ယာဉ်တန်း တိုက်ခိုက်ခံရ
Donate to DVB

ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ် ဂွါဒါဆိပ်ကမ်းနားမှာ တရုတ်နိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ယာဉ်တန်းကို ပစ်မှတ်ထားခဲ့တဲ့ သြဂုတ် ၁၃ ရက်က တိုက်ခိုက်မှုကို တရုတ်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

ဂွါဒါလေဆိပ်ကနေ ထွက်ခွာပြီးတဲ့နောက် ပါကစ္စတန် အနောက်တောင်ပိုင်းက ဆိပ်ကမ်းဆီ ထွက်လာတဲ့ တရုတ်ယာဉ်တန်းကို လမ်းဘေးမှာထောင်ထားတဲ့ ဗုံးနဲ့ သေနတ်တွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ကရာချိမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်က တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံဘက်က ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးဟာ ခုလိုတိုက်ခိုက်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး အကြမ်းဖက်မှု ကာကွယ်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ချက်တွေကို မီးမောင်းထိုးပြတဲ့ သတိပေးချက်အဖြစ် တရုတ်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မာအင်း အူလ် ဟာ့ကွန်က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

“မနေ့က အကြမ်းဖက်တိုက်ခိုက်မှုကို ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတို့ဟာ အကြမ်းဖက်မှုဆိုင်ရာ အရေးကိစ္စမှာ အလွန် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒရဲ့ သားကောင်တွေ ဖြစ်ကြပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ကျနော်တို့နိုင်ငံသားတွေရဲ့ အဖိုးတန် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာမို့ တယောက်ရဲ့ နာကျင်မှုကို တယောက်က ခံစားရတယ်။ အဲဒါကြောင့် ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတယ်” လို့ သံအမတ်ကြီး ဟာ့ကွန်က ပြောပါတယ်။

“ပါကစ္စတန်မှာရှိတဲ့ ကျနော်တို့ရဲ့ တရုတ်မိတ်ဆွေတွေကို အရင်တုန်းက တိုက်ခိုက်မှုတချို့ ရှိခဲ့တယ် ဆိုတာလည်း ကျနော် နားလည်ပါတယ်။ ဒီတိုက်ခိုက်မှုအားလုံးကို ကျနော်တို့ တကယ်ကို ရှုတ်ချပါတယ်။ ဒါက ကျနော်တို့ ရင်ဆိုင်နေရတဲ့ ကြုံနေကျ စိန်ခေါ်မှုတရပ်လို့ တရုတ်မိတ်ဆွေတွေကို အာမခံချင်ပါတယ်။ ဒီအပေါ်မှာ သူတို့ရဲ့ နားလည်မှုကို လိုချင်ပါတယ်” လို့ သံအမတ်ကြီးက ဆက်​ပြောခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013