DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် အထက်လွှတ်တော်အမတ်ကို အိမ်စောင့်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်
DVB
·
August 15, 2023
ပါကစ္စတန် အထက်လွှတ်တော်အမတ်ကို အိမ်စောင့်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်
Donate to DVB

ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲတွေကို ကြီးကြပ်ဖို့အတွက် အထက်လွှတ်တော်အမတ် အန်ဝါ အယ်လ်ဟာကီ ကက်ကာကို အိမ်စောင့်၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့  ဝန်ကြီးချုပ် ရှာဘတ်စ် ရှရစ်ဖ်နဲ့ အတိုက်အခံခေါင်းဆောင် ရာဂျာရိယက်ဇ်တို့အကြား  သြဂုတ် ၁၂ ရက်မှာ သဘောတူခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်က လူသိနည်းတဲ့ နိုင်ငံရေးသမား ကက်ကာဟာ အစိုးရသစ် မတက်မချင်း အစိုးရအဖွဲ့ဝင်တွေကို နာမည်စာရင်း တင်သွင်းပြီး နျူကလီးယားလက်နက် ပိုင်ရှင် ပါကစ္စတန်နိုင်ငံကို စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေအတွင်း ထိန်းကျောင်းသွားမှာပါ။

ဝန်ကြီးချုပ် ရှာရစ်ဖ်နဲ့ အတိုက်အခံခေါင်းဆောင်တို့ဟာ သမ္မတဆီပို့မယ့် အကြံဉာဏ်ကို ပူးတွဲ လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

သမ္မတ အာရစ်ဖ် အယ်လ်ဗီက ကက်ကာကို ရာထူးခန့်အပ်ရေး အတည်ပြုခဲ့တယ်လို့ ပါကစ္စတန် အခြေစိုက် ဂျီယိုနယူးစ် သတင်းဌာနက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ကြားနေအိမ်စောင့်အစိုးရဟာ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ပြည်လုံးကျွတ် ရွေးကောက်ပွဲတွေကို ကျင်းပရမှာပါ။ ဒါကြောင့် နိုဝင်ဘာလဆန်းပိုင်းမှာ ရွေးကောက်ပွဲ တွေ ကျင်းပရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013