
အယ်နီညိုရာသီဥတုဖြစ်စဉ်ဟာ ကမ္ဘာ့အပူချိန်ကို ပိုမိုမြင့်မားလာစေမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း စံချိန်တင် အပူချိန်တွေကို ထပ်တွေ့ရနိုင်တယ်လို့ ကိုပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဌာန(C3S) ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဆမန်သာဘားဂျက်စ်က တရုတ်အစိုးရရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောလိုက်ပါတယ်။
ဥရောပသမဂ္ဂရဲ့ ကော့ပါးနီးကပ်စ် အစီအစဉ်က ပံ့ပိုးပေးတဲ့ အကြောင်းအရာဆိုင်ရာ ဝန်ဆောင်မှု ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ C3Sဟာ ဥရောပနဲ့ တခြားကမ္ဘာမှာရှိတဲ့ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ရာသီဥတုဆိုင်ရာ တရားဝင်အချက်အလက်တွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။
ဥရောပမှာသာမက ကမ္ဘာတစ်ဝှမ်းလုံးမှာ ပုံမှန်မဟုတ်တဲ့ အချိန်တွေမှာ ဖြစ်နေတဲ့ စံချိန်ချိုးနေတဲ့ အပူလှိုင်းတွေ၊ ဥပမာအနေနဲ့ ချီလီမှာတွေ့ခဲ့ရတဲ့ အပူလှိုင်းတွေကို တွေ့ရပါတယ်"လို့ ဘားဂျက်စ်က ပြောပါတယ်။
အခုနှစ် ဇူလိုင်လအစောပိုင်းမှာ ကမ္ဘာ့မိုးလေဝသအဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ပီရူးနှင့် အီကွေဒေါနိုင်ငံ ကမ်းရိုးတန်းတွေမှာ အယ်နီညို ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်မှု အခြေအနေ တွေကို အတည်ပြုခဲ့ ပါတယ်။
ပီရူးနိုင်ငံရဲ့ အထူးသဖြင့် မြောက်ပိုင်းဒေသမှာ ကမ်းရိုးတန်းရေပြင် အပူချိန်ဟာ ပုံမှန်အဆင့်ထက် သုံးဆကနေ လေးဆအထိ ပိုမြင့်တက်နေတယ်လို့ ပီရူးနိုင်ငံက ကျွမ်းကျင်သူတွေက ပြောခဲ့ပါတယ်။
အီကွေတာဝန်းကျင်က ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာရှိတဲ့ ပုံမှန်မဟုတ်တဲ့ ရေအပူချိန် တွေဟာ လေထု ဒါမှမဟုတ် ကမ္ဘာ့တခြားအစိတ်အပိုင်း တွေနဲ့ ချိတ်ဆက်မှု မရှိသေးလို့ ကမ္ဘာ့မိုးလေဝသအေဂျင်စီတွေက အနီးကပ်စောင့်ကြည့် နေတယ်လို့ ဘားဂျက်စ်က ပြောပါတယ်။
အခုနှစ် အယ်နီညိုဖြစ်စဉ် ဆက်ဖြစ်နေခဲ့ရင် ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့အပူချိန်တွေ မြင့်တက်လာမှာ မလွဲမသွေပဲလို့လည်း ဘားဂျက်စ်က ပြောခဲ့ပါတယ်။
Source - Reuters











