DVB Logo
Home
အားကစား
အီတလီလက်ရွေးစင်နည်းပြ မန်စီနီ ရာထူးကနုတ်ထွက်
DVB
·
August 14, 2023
Donate to DVB

အီတလီလက်ရွေးစင်နည်းပြ ရောဘတ်တိုမန်စီနီဟာ အီတလီလက်ရွေးစင်နည်းပြ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်က သြဂုတ် ၁၃ ရက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ် မန်ချက်စတာစီးတီးနည်းပြဟောင်းဟာ ၂၀၁၈ မှာ အီတလီလက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ယူရို ၂၀၂၀ မှာ အင်္ဂလန်ကို ဝင်ဘလေမှာ အနိုင်ယူပြီး ဆုဖလား ရရှိခဲ့ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က “၂၀၁၈ မေလမှာ စတင်ခဲ့ပြီး ၂၀၂၃ နေရှင်နယ်လိဂ်ဖိုင်နယ်မှာ အဆုံးသတ်ခဲ့တဲ့ အဇူရီသမိုင်းမှာ အရေးပါတဲ့ စာမျက်နှာတခုကို နိဂုံးချုပ်လိုက်ပါပြီ။ သူယူ​ပေးခဲ့တဲ့ ယူရို ၂၀၂၀ အောင်ပွဲကို အကုန်လုံး အမှတ်ရနေကြမှာပါ။ သူနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာကို လေးစားမှုအပြည့်နဲ့ လက်ခံခဲ့ပါတယ်။ စက်တင်ဘာမှာ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲမတိုင်ခင် နည်းပြအသစ်ကို ကြေညာသွားမှာပါ” လို့ ထုတ်ပြန်ခဲ့ပါတယ်။

မန်စီနီဟာ မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ပြီးတဲ့နောက် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ဝင်ရောက်ယှဥ်ပြိုင်ခွင့် လွဲချော်ပြီး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရကာ ထွက်ခွာဖို့ စဥ်းစားနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ရော်ဘတ်တိုမန်စီနီဟာ အီတလီလက်ရွေးစဥ်အသင်းနဲ့အတူ ၃၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်နိုင်ခဲ့သလို ယူရို ၂၀၂၀ ဖလားနဲ့ ၂၀၂၃ နေရှင်းနယ်လိဂ် တတိယဆုတို့ကို ရရှိခဲ့ပါတယ်။

မန်စီနီဟာ ၂၀၁၂ တုန်းကလည်း မန်စီးတီးကို ၄၅ နှစ်ကြာ ဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013