DVB Logo
Home
Lead Story
အစိုးရက ၀က်ဘ်ဆိုက် ၄၁ ခု လွှင့်တင်ထားဟုဆို
DVB
·
July 25, 2014
အစိုးရက ၀က်ဘ်ဆိုက် ၄၁ ခု လွှင့်တင်ထားဟုဆို
Donate to DVB

မြန်မာပြည်မှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၁၀ ခုရဲ့ ၀က်ဘ်ဆိုက် ၁၀ ခု လွှင့်တင်ထားပြီး ၀န်ကြီးဌာန ၃၆ ခုအနက် ၃၁ ခုရဲ့ ၀က်ဘ်ဆိုက် တွေလည်း လွှင့်တင်ထားတယ်လို့ ဆက်သွယ်ရေးဒုဝန်ကြီး ဦးသောင်းတင်က ဇူလိုင် ၂၄ ရက်က ပြုလုပ်တဲ့ လွှတ်တော်ထဲ ပြောကြားခဲ့ပါတယ်။

Ministry websiteမင်းလှအမတ် ဦးမောင်တိုးရဲ့ ပြည်သူနဲ့ ဆက်ဆံနေရတဲ့ ၀န်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ပြည်သူတွေအလွယ်တကူသိရအောင် ၀က်ဘ်ဆိုက် ဘယ်နှခုတင်ထားလဲ ဆိုတဲ့ မေးခွန်းကို ဒုဝန်ကြီးက ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြည်တွင်းက အိုင်တီလူငယ်တဦးကတော့ ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွေမှာ ပြည်သူတွေသိသင့်တဲ့ သတင်းအချက်အလက်တွေထက် သက်ဆိုင်ရာ ၀န်ကြီး အစည်းအဝေးလုပ်တဲ့သတင်းတွေချည်း ရေးသားတင်ဆက်ထားတာ တွေ့ရများတယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

အစိုးရဌာန ၀က်ဘ်ဆိုက်တွေအနက် သမ္မတရုံးဝက်ဘ်ဆိုက်ကို သတင်းမီဒီယာသမားတွေအများစုက စိတ်ဝင်တစား တက်ရောက်ကြည့်ရှုကြတာများပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013