DVB Logo
Home
မြန်မာသတင်း
ကျုံဒိုးရဲစခန်းနှင့် စစ်ကောင်စီ ခမရ ၅၄၅ တပ်ရင်း တိုက်ခိုက်ခံရ
DVB
·
August 14, 2023
ကျုံဒိုးရဲစခန်းနှင့် စစ်ကောင်စီ ခမရ ၅၄၅ တပ်ရင်း တိုက်ခိုက်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ ကျုံဒိုးရဲစခန်းနဲ့ ကျုံဒိုးအခြေစိုက် ခမရ ၅၄၅ စစ်ကောင်စီတပ်ရင်းတို့ကို သြဂုတ် ၁၂ ရက် မနက်က ဂဠုန်စစ်ကြောင်းမှ Spring UAV Force G3 (Fixed Wings) အဖွဲ့က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်စခန်း ၂ နေရာကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာ စစ်ကောင်စီဘက်က သုံးဦး ဒဏ်ရာရကာ ကားတစီးပျက်စီးခဲ့ပြီး ခမရ ၅၄၅ တပ်ရင်းမှူးကတော် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာနဲ့ ဆေးကုသနေရကာ အခြေအနေ မကောင်းဘဲ စိုးရိမ်ရတယ်လို့ ဂဠုန်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တန်ပြန်ပစ်ခတ်တာကြောင့် အသက်ကြီးပိုင်းအရွယ် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်ပေမဲ့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ရှိလာပြီး စစ်ကောင်စီဘက်က မြေပြင်မှာ အထိအခိုက် အကျအဆုံးတွေ များခဲ့တယ်လို့ စစ်မြေပြင် သတင်းအရင်းမြစ်တွေက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကြောင့် သာမန် အရပ်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေပါ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013