DVB Logo
Home
နိုင်ငံတကာ
ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး တရုတ် အရှိန်မြှင့်လုပ်ဆောင်နေ
DVB
·
August 14, 2023
ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး တရုတ် အရှိန်မြှင့်လုပ်ဆောင်နေ
Donate to DVB

တရုတ်အာဏာပိုင်တွေဟာ ရေဘေးသင့် မြောက်ပိုင်းဒေသတွေမှာ ပြည်သူတွေရဲ့  အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပုံမှန်အတိုင်း အမြန်ပြန်လည်ထူထောင်ပြီး ထုတ်လုပ်မှုကို ပြန်စဖို့ ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို အရှိန်အဟုန်ပြင်းပြင်း လုပ်ဆောင်နေပါတယ်။

ပေကျင်း၊ တီယန်ကျင့်၊ ဟေလောင်ကျန်း၊ ဟော့ပေးနဲ့ ကျိလင်းပြည်နယ်တို့ အပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး မိုးသက်မုန်တိုင်းတွေ ကျရောက်ရင်း ရေလွှမ်းမိုးခဲ့တာပါ။

နိုင်ငံမြောက်ပိုင်း ဟော့ပေးပြည်နယ်မှာ ရေလွှမ်းမိုးလို့ ကောက်ပဲသီးနှံ ဟက်တာ ၃ သိန်းကျော် ထိခိုက်ခဲ့ပါတယ်။ ဒေသန္တရ အာဏာပိုင်တွေက ရေဘေးသင့်ဒေသတွေမှာ စိုက်ပျိုးထုတ်လုပ်မှုကို လမ်းညွှန်ဖို့ စိုက်ပျိုးရေးပညာရှင် ၁၁,၀၀၀ ကို စေလွှတ်ခဲ့ပြီး လယ်ယာမြေ ၉၉,၃၃၀ ဟက်တာမှာ ရေကြီးရေလျှံမှုအတွက် လယ်ယာသုံးစက်ကိရိယာအတွက် အရေးပေါ်လုပ်ငန်းအဖွဲ့ ၇၂ ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်းက ရေဘေးသင့် တီယန်ကျင့်ဒေသမှာ ကယ်ဆယ်ရေးသမားတွေကို ဒီနေ့ ဆက်တာဝန်ချထားခဲ့ပြီး ဟိုင်ဟော့မြစ်ရဲ့ အဓိကမြစ်လက်တက်တွေမှာ တာတမံတွေကို ဖြည့်တင်းထားပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလောင်ကျန်းပြည်နယ် ဟိုင်လင်းမြို့မှာ ရေကြီးမှုကြောင့် ရေပေးဝေတဲ့ စက်ရုံ ၂၆ ခု ပျက်စီးယိုယွင်းခဲ့ပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လက်အောက်ခံ တပ်မဟာ ၇၈ တပ်ဖွဲ့က စစ်သားတွေဟာ ပစ္စည်းတွေပို့ဖို့၊ လမ်းတွေပြင်ဖို့နဲ့ မြစ်ရေကာတာတွေ အားဖြည့်ဖို့ ရေလွှမ်းမိုးမှု ဒဏ်ခံရတဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်ဆီ စနေနေ့က တပ်ဖြန့်ခဲ့ပါတယ်။

တိုင်ဖုန်းမုန်တိုင်း ခါနန်ကြောင့် တရုတ်နိုင်ငံ အရှေ့မြောက်ဘက် လျောင်နင်းပြည်နယ်ရဲ့ အစိတ်အပိုင်းတွေ မနေ့ကအထိ အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး မြစ်အများအပြားနဲ့ လမ်းပိုင်းတွေမှာ ရေလျှံတက်လာခဲ့ပါတယ်။

လက်ရှိမှာ ပြည်နယ်အတွင်း ရေလှောင်ကန်လေးခုဟာ ရေကြီးရေလျှံမှု ကန့်သတ်ချက်ထက် ကျော်လွန်နေပြီး ရေကို စွန့်ထုတ်နေရပါတယ်။ လူပေါင်း ၅၃,၀၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းရှီးပြည်နယ် တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်တွေမှာ မိုးသည်းထန်အပြီး ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိ မြင့်တက်လာပြီး တခြား ၆ ဦး ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက  ပြောပါတယ်။

ရာသီအလိုက် မိုးရွာပြီး လျှပ်တပြက်ရေကြီးမှုကြောင့် ရှီးအန်းပြည်နယ် ချန်အန်းခရိုင် ဝေကျိပင်းရွာမှာ လမ်းတံတားတွေနဲ့ လျှပ်စစ်ဓာတ်အားပေးရေးစက်ရုံတွေ အနီးတဝိုက်က အိမ်ခြေ ၉၀၀ လောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သလို ဆက်သွယ်ရေးအခြေစိုက်စခန်း ၅၅ ခုလည်း အပြင်းအထန် ပျက်စီးခဲ့ပါတယ်။

ရှီးအန်းပြည်နယ်ရဲ့ မြို့တော်မှာ နေရာထိုင်ခင်းဌာနချုပ်ကို အမြန်တည်ထောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေပါတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ကို တပ်ဖွဲ့ဝင် စုစုပေါင်း ၉၈၀ ကျော်နဲ့ ဖွဲ့စည်းစေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံအတွင်း အာမခံလုပ်ငန်း အဖွဲ့အစည်းတွေဟာ ဒေသ ၁၆ ခုမှာ ရေကြီးမှုနဲ့ ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် ထိခိုက်ခံစားရသူတွေဆီက တောင်းဆိုချက် အများအပြားကို လက်ခံရရှိခဲ့တယ်လို့ အမျိုးသားဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု ဦးစီးဌာနက စနေနေ့မှာ ပြောပါတယ်။

တနင်္ဂနွေနေ့ မနက် ၁၀ နာရီအထိ ဒေသ ၁၆ ခုမှာရှိတဲ့ အာမခံ အဖွဲ့အစည်းတွေဟာ အာမခံကြေး တောင်းဆိုမှု ၂၆၂,၆၀၀ ကို လက်ခံရရှိထားပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ယွမ် ၉ ဒသမ ၈၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံ) ရှိတယ်လို့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

အာမခံအဖွဲ့အစည်းတွေဟာ တောင်းဆိုချက်ပေါင်း ၁၂၃,၀၀၀ ကို ဖြေရှင်းခဲ့ပြီး ယွမ် ၁ ဒသမ ၆၉၄ ဘီလီယံကို ဒီနေ့အထိ ပေးဆောင်ခဲ့ပြီးပြီလို့ စီစီတီဗီ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013