
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နည်းဗျူဟာမြောက် ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံ အပါအဝင် အဓိက စစ်ဘက်ဆိုင်ရာ စက်ရုံတွေဆီ သွားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။
ဒါဟာ ကင်မ်ဂျုံအန်းက ကာကွယ်ရေးအဆောက်အအုံတွေဆီ ဆက်တိုက် သွားရောက်လည်ပတ်မှုအတွင်း နောက်ဆုံးအကြိမ်ဖြစ်ပြီး လက်နက်တွေ အမြောက်အမြား ထုတ်လုပ်တာကို အလေးပေးခဲ့ပါတယ်။
KCNA က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ကင်မ်ဂျုံအန်းဟာ ဒုံးကျည်ပစ်လွှတ်စင် လောင်ချာတွေ၊ လက်နက်တွေ တပ်ဆင်ထားတဲ့ စစ်ဘက်စက်ရုံတွေကို တာဝန်ရှိသူတွေနဲ့အတူ လိုက်လံကြည့်ရှုခဲ့တာပါ။
ပြီးခဲ့တဲ့သီတင်းပတ်က ကိုရီးယားကျွန်းဆွယ်ကို အပူပိုင်းမုန်တိုင်း ခါနန် ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးတဲ့နောက် လယ်မြေတွေ ရေနစ်မြုပ်ခဲ့အပြီးမှာ ကင်မ်ဂျုံအန်းရဲ့ ဓာတ်ပုံတွေကို KCNA က သီးခြားထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source - Reuters











