DVB Logo
Home
မြန်မာသတင်း
ရန်ကင်းပညာရေးကောလိပ်တွင် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်
DVB
·
August 14, 2023
ရန်ကင်းပညာရေးကောလိပ်တွင် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်
Donate to DVB

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သစ္စာလမ်း၊ ရန်ကင်းပညာရေးကောလိပ်ရှိ အဆောင်တခုမှာ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအဆောင်ဟာ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေကို သိုလှောင်ထားတဲ့အခန်းဖြစ်ပြီး Ammonium hydroxide ထည့်ထားတဲ့ သံတိုင်ကီ ၃ လုံးအနက် ၁ လုံးကနေ ယိုစိမ့်မှုဖြစ်ပေါ်ခဲ့တဲ့အပြင် ကျောင်းအဆောင်တခန်းစာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။ 

ဓာတ်ငွေ့ရှင်းလင်းရေးလုပ်ဆောင်ခဲ့သူတဦးက “ ရန်ကင်းTTC က ဓာတုပစ္စည်းလှောင်ထားတဲ့ အခန်းမှာ ဖြစ်တာ။ သဲတွေနဲ့ ပက်ပြီး ရှင်းထားပါတယ်၊ သံတိုင်ကီက‌နေ စိမ့်ထွက်ပြီး ပျံ့သွားတာ၊ တခန်းတည်းပါပဲ၊ ကျောင်းပိတ်ရက်အတွင်း ဖြစ်တာပါ”လို့ ဆိုပါတယ်။

ဓာတ်ငွေ့တွေကို သဲ ၁ ကျင်းစာ အသုံးပြုကာ ညနေ ၆ နာရီ ကျော်လောက်မှာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပြီး ကယ်ဆယ်ရေးအဖွဲ့ဝင် တယောက် ဓာတ်ငွေ့ကြောင့် အသက်ရှုကြပ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဓာတ်ငွေ့ယိုစိမ့်တဲ့နေရာကို အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပ၊ ရန်ကင်းမြို့နယ်တို့က မီးသတ် ကယ်ဆယ်ရေးအဖွဲ့တွေက  လာရောက်ရှင်းလင်းခဲ့ကြတယ်လို့ သိရပြီး အမိုးနီးယားဓာတ်ငွေ့ကို အများအပြားရှူမိပါက အသက်ရှုလမ်း‌ကြောင်းပြဿနာနဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလကလည်း လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်က ရေခဲစက်ရုံတခုမှာ အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အရပ်သား ၃၀ ကျော် ရန်ကုန်ဆေးရုံပို့ဆောင်ခဲ့ရ‌ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013