မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားဟာ ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူရမှာ ဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက အတည်ပြုသွားပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်လူဟာ ဘန်လေနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီဒဏ်ရာဟာ အရင်က ရရှိခဲ့ဖူးတဲ့ဒဏ်ရာဟောင်းဖြစ်ပြီး တနင်္လာနေ့မှာ အသေးစိတ်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီဘရိုင်နားဘယ်လောက်ကြာရှည်တဲ့အထိ အနားယူရမလဲဆိုတာ ဒဏ်ရာအတိမ်အနက်အပေါ် မူတည်ဖြစ်မှာပေမဲ့ ရက်သတ္တပတ်အနည်းငယ်အနားယူရမှာကတော့ သေချာကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဒီဘရိုင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ဆီဗီလာနဲ့ ဥရောပစူပါ ဖလားဗိုလ်လုပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး နယူးကာဆယ်၊ ရှက်ဖီးလ်နဲ့ ဝက်စ်ဟမ်းအသင်းတွေနဲ့ပွဲမှာလည်း ဆက်လက်လွဲချော်မှာ ဖြစ်တယ်လို့သိရပါတယ်။